ရှမ်းပြည်နယ်(တောင်ပိုင်း) ရွှေညောင်မြို့၊ ညောင်ရွှေမြို့နှင့် ရပ်စောက်မြို့များ၌ နိုဝင်ဘာလ ၉ ရက်နေ့မှစ၍ မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် မြစ်၊ ချောင်းများအတွင်း ရေကြီးရေလျှံမှုများဖြစ်ပေါ်ကာ မြို့ပေါ်ရပ်ကွက်များအတွင်း ရေဝင်ရောက်မှုများဖြစ်ပွားလျက်ရှိကြောင်းသိရှိရသည်။ ထိုသို့ ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိသည့် ရွှေညောင်မြို့၊ မင်္ဂလာရွှေဗဟိုရ်ရပ်ကွက်၊ ရွှေဘုံသာရပ်ကွက်၊ ရတနာရပ်ကွက်၊ သုခချမ်းသာရပ်ကွက်၊ မင်္ဂလာအောင်မြေရပ်ကွက်နှင့်လှိုင်ဘုံသာရပ်ကွက်များရှိ ဒေသခံပြည်သူများအား ကုန်းလှိုင်ဘုန်းတော်ကြီးကျောင်းနှင့် ဇေယျာသီရိဓမ္မာရုံသို့လည်းကောင်း၊ ညောင်ရွှေမြို့၊ ကန်သာယာ(၈) ရပ်ကွက်ရှိ ဒေသခံပြည်သူများအား မြို့လယ်ဓမ္မာရုံသို့လည်းကောင်း၊ ရပ်စောက်မြို့၊…