KNU သူပုန်အဖွဲအစည်းအတွင်း အကွဲအပြဲဇာတ်လမ်းတွေ စတင်နေပြီ

KNU သူပုန်အဖွဲအစည်းအတွင်း အချင်းချင်းလုပ်ကြံသတင်းပေးမှုတွေကြောင့် နိုဝင်ဘာ ၁၁ရက်နေ့ ညပိုင်းမှာ KNU တပ်မဟာ (၅)က အဖွဲတွေ အပြုံလိုက် ဗုံးစာမိသွားကြတယ်လို သိရတယ်။

ဖြစ်စဉ်ကတော့ နိုဝင်ဘာ ၁၁ ရက်နေ့နံနက်ပိုင်းကစပြီး ဖာပွန်၊ တပ်မဟာ ၅ နယ်မြေမှာ KNUသူပုန်အဖွဲကို တပ်မတော်က မြေပြင်ကနေ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ချေမှုန်းတိုက်ခိုက်ခဲ့ပါတယ်။

ဒီလိုတိုက်ခိုက်တဲ့အချိန် KNU တပ်မဟာ (၅)က အဖွဲတွေ တပ်ရဲ့ထိုးစစ်ကို တောင့်မခံနိုင်တော့ဘဲ KNU တပ်မဟာ(၁) အဖွဲကို စစ်ကူတောင်းခဲ့ရတယ်။  KNU တပ်မဟာ(၁) အဖွဲတွေ  စစ်ကူရောက်လာတော့လည်း တပ်မဟာ(၁)အဖွဲတွေ ပါ ထိခိုက်ကြွဆုံးမှုတွေရှိနေလို ဆက်ပြီးစစ်ကူမပေးနိုင်တော့ဘဲ ဆုတ်သွားခဲ့ကြတယ်။

KNU တပ်မဟာ(၁)အဖွဲအတွင်း ရင်းနှီးတဲ့သူတစ်ဦးကပြောတာက “ တပ်မဟာ (၅) က အခုလို ဒုက္ခရောက်မှ ငါတို တပ်မဟာ(၁)ကို သတိရတာ ။ ငါတိုလည်း အသက်နဲ့လေ။ သေမှာကိုတော့ ကြောက်တာပေါ့။ ကောင်းစားနေချိန်ကတော့ ငါတိုကို သတိမရဘူး။ အခု လာကူရတဲ့နေရာက ငါတို နယ်မြေလည်းမဟုတ်ဘူးလေ။  သူတိုထိုက်နဲ့ သူတိုကံပေါ့။ ငါတိုနေရာကို ငါတိုမြန်မြန်ပြန်မှရတော့မယ်။ မဟုတ်ရင် ငါတိုလည်း ဒီထက်အထိနာတော့မယ်။ မတတ်နိုင်ဘူး သူတိုနေရာကိုပဲ ပစ်မှတ်ဖော်ပြပေးပြီးတော့ ထားခဲ့ရမှာပဲလေ။ ဒီလိုမှမလုပ်ရင်လည်း လေယာဉ်လာပစ်ရင် ငါတိုပါ ထိသွားနိုင်တယ်”ဆိုပြီး အတွင်းသတင်းအရင်းအမြစ်တစ်ဦးပြောထားပါတယ်။

ဒါကြောင့်လည်း တပ်မဟာ (၅) အဖွဲတွေရှိတဲ့နေရာကို  နိုဝင်ဘာ ၁၁ ရက်နေ့ ညပိုင်းမှာ တပ်က ဗုံးစာကျွေးခဲ့လို အပြုံလိုက်ဗုံးစာ မိသွားခဲ့ရတာ ဖြစ်ပါတယ်။

တပ်အနေနဲ့က ဒီလိုလုပ်လိုက်နိုင်ခဲ့တယ် ဆိုတာလည်း KNU သူပုန်အဖွဲအစည်းအတွင်းက တိကျတဲ့သတင်းပေးမှုတွေကြောင့်လိုပဲလိုပြောရမှာပါပဲ။ ဒီအခြေအနေမျိုးထိ ရောက်လာခဲ့တာတော့ KNU အတွင်းအစည်းအတွင်း မသိနိုင်တဲ့ အကွဲအပြဲဇာတ်လမ်း ရှိနေကြပြီ ဆိုတာပါပဲ။
Truth Waves

Leave a Reply

Your email address will not be published. Required fields are marked *