ဖားကန့်မှာ ပေါ်တာလာဆွဲတဲ့ ကချင်KIA ကို ရေမဆေးသမားတွေ ဝိုင်းရိုက်။

နိုဝင်ဘာလ(၃)ရက်၊ ၂၀၂၆ခုနှစ်။

ဖားကန့်ဒေသ မှော်စီစာ၊ စိန်စိန်မှာ အကြမ်းဖက် ပေါ်တာလာဆွဲတဲ့ ကချင်KIA တပ်သားတွေကို ဖားကန့် ရေမဆေးသမား၊ အခြေခံ လက်လုပ်လက်စားများက ဝိုင်းရိုက်တာကြောင့် ကချင် အကြမ်းဖက် KIA တပ်သားတွေ ခွေးပြေးဝက်ပြေး ထွက်ပြေးသွားတယ်လို ဆိုပါတယ်။

“ဖားကန့်မှာ ပေါ်တာလာဆွဲတဲ့ တောဘက် ကချင်KIA ကို ရေမ​ဆေးတွေ စုပြီးရိုက်တာ ခွေးပြေး ဝက်ပြေး၊ ထွက်ပြေးသွားပြီ။ အခြား ဘက်တွေလည်း လူညီရင် ပြန်ချကြ ” လို ဖားကန့်အခြေစိုက် သတင်းတွေက ရေးသားနေကြပါတယ်။

ဖားကန့်မြိုနယ်အတွင်းမှာ ကချင်အကြမ်းဖက်KIA က ပြည်သူလူထုအပေါ် ပေါ်တာဆွဲ ဖမ်းဆီးတာတွေ ဆက်တိုက် မြင့်တက်နေပြီး ဖားကန့်အခြေစိုက် သတင်းသမားများ၊ အလွှတ်တန်းသတင်းထောက်များ၊ ဖားကန့်ဒေသကို ချစ့်မြတ်နိုးသူများမှ ကချင်KIA အဓမ္မပေါ်တာဆွဲ ဖမ်းဆီးနေတဲ့ နေရာတွေက်ု အချိန်နှင့် တပြေးညီ တင်ပြပေးနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *