နိုဝင်ဘာ ၁ ရက်က ထားဝယ်နှင့် မုဒုံအပါအဝင် မြို့ ၆ မြို၌ အမြင့်ဆုံးအပူချိန် စံချိန်သစ်များတင်

နိုဝင်ဘာ ၁ ရက်တွင် ထားဝယ်၊ ကျောက်ဆည်၊ မုဒုံ၊ ကလေးဝ၊ ခန္တီးနှင့် ကန့်ဘလူမြိုတို၌ စခန်းစတင်ဖွင့်လှစ်သည့် ကာလအတွင်း အမြင့်ဆုံးအပူချိန် စံချိန်သစ်များ အသီးသီးတင်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ထားဝယ်မြိုတွင် နှစ်ပေါင်း ၈၀ အတွင်း အမြင့်ဆုံးအပူချိန်စံချိန်ဟောင်း ၃၇.၅ ဒီဂရီဆဲလ်စီးယပ်မှ ၃၇.၈ ဒီဂရီဆဲလ်စီးယပ်သို မြင့်တက်ခဲ့သည်။

ကျောက်ဆည်မြိုတွင် နှစ်ပေါင်း ၅၃ နှစ်အတွင်း စံချိန်ဟောင်း ၃၆.၃ ဒီဂရီဆဲလ်စီးယပ်မှ ၃၆.၈ ဒီဂရီဆဲလ်စီးယပ်သို မြင့်တက်ခဲ့ပြီး မုဒုံမြိုတွင် နှစ်ပေါင်း ၄၆ နှစ်အတွင်း စံချိန်ဟောင်း ၃၆.၀၁ ဒီဂရီဆဲလ်စီးယပ်မှ ၃၆.၅ ဒီဂရီဆဲလ်စီးယပ်သို မြင့်တက်ခဲ့ကြောင်း သိရသည်။

ထိုအပြင် ကလေးဝမြိုတွင် နှစ်ပေါင်း ၆၂ နှစ်အတွင်း အမြင့်ဆုံးအပူချိန် ၃၅ ဒီဂရီဆဲလ်စီးယပ်၊ ခန္တီးမြိုတွင် နှစ်ပေါင်း ၆၁ နှစ်အတွင်း ၃၄.၃ ဒီဂရီဆဲလ်စီးယပ်နှင့် ကန့်ဘလူမြိုတွင် နှစ်ပေါင်း ၃၅ နှစ်အတွင်း ၃၅.၃ ဒီဂရီဆဲလ်စီးယပ်တိုကို အသီးသီး မှတ်တမ်းတင်ခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *