ကျန်းမာရေးကောင်းတဲ့ကြက်တွေရဲ့ ပုံမှန်အရောင်က မီးခိုရောင်ပေါ်မှာ အဖြူရောင်ဖတ်များ ကပ်နေတဲ့ပုံစံပါ။ အနံ့တော့ရှိပေမဲ့ ဆိုးရွားတဲ့ အနံ့တော့မဟုတ်လှပါဘူး။ ဒါပေမဲ့ တစ်ခါတစ်လေ ကြက်ချေးတွေ အရောင်ပြောင်းသွားတဲ့အခါ ရောဂါတစ်ခုခု ခံစားရနေတာ ဖြစ်နိုင်ပါတယ်။ ရောဂါခံစားနေရတာကို ဝမ်းကနေတစ်ဆင့် ပြသပေးတတ်တာမို့ ဘယ်အရောင်တွေက ဘာရောဂါလဲဆိုတာ ဆက်ဖတ်ကြည့်ကြရအောင်ပါ။ အနီရောင် - အရေပြားအလွှာများရောင်ရမ်းနေတဲ့အခါတွေ့ရတတ်ပါတယ်။ သွေးဝမ်းရောဂါ ခံစားနေရတဲ့ အချိန်မှာလည်းတွေ့ရတတ်ပြီး ကြက်ကြီးတွေမှာ သံလုံးကောင်နဲ့ သံပြားကောင်ရှိနေပါက…