အိပ်စက်နေချိန်တွင် ကယ်လိုရီလောင်ကျွမ်းမှု

ကယ်လိုရီကို အစားအသောက်ကရသည်။ ကယ်လိုရီက အပူစွမ်းအင်အဖြစ် ခန္ဓာကိုယ်အတွက် လိုအပ်သောလောင်စာ Energy ကို ထုတ် ပေးသည်။ ထို့ကြောင့်ကိုယ်အလေးချိန်လျှော့ချနေသည့်သူများသည် မိမိစားသောက်သည့်အစားအသောက်ထဲတွင်ပါသည့် ကယ်လိုရီများကိုတွက် ချက်ကာစားသင့်သည်။

လူတို့    နေ့စဉ်လှုပ်ရှားရန်အတွက် လိုအပ်သည့်ကယ်လိုရီသည် အကြမ်းအားဖြင့်  အမျိုးသားတစ်ဦးလျှင်    ၂၅၀၀ ကယ်လိုရီဖြစ်ပြီး   အမျိုးသမီးတစ်ဦးလျှင် ၂၀၀၀ ကယ်လိုရီဖြစ်သည်။ သို့သော်  လူတစ် ယောက်သည် မည်သို့မျှမလုပ်လျှင်ပင် ခန္ဓာကိုယ်၏လုပ်ငန်းစဉ်ကြောင့် ကယ်လိုရီက လောင်ကျွမ်းနေသည်။ အဆီတစ်ပေါင်ကျရန်အတွက် အစားအသောက်နှင့်အဖျော်ယမကာများ သောက်သုံးလိုက်သည့် ကယ်လိုရီထက်ကယ်လိုရီ ၃၅၀၀ ပို၍ လောင်ကျွမ်းရန် လိုအပ်သည်ကို သိထားသင့်သည်။

အိပ်စက်နေချိန်တွင် လူတစ်ဦး၏ခန္ဓာကိုယ်သည် အသက်ရှူခြင်း၊ နှလုံးခုန်ခြင်းနှင့် ဆဲလ်များပြုပြင်ခြင်းကဲ့သို့သော အခြေခံဇီဝဖြစ်စဉ် များ (BMR) အတွက် ကယ်လိုရီများ ဆက်လက်လောင်ကျွမ်းစေသည်။

အိပ်စက်နေချိန် ကယ်လိုရီလောင်ကျွမ်းမှုအခြေအနေမှာ  ပုံမှန်ကိုယ် အလေးချိန်ရှိသူတစ်ဦးအတွက်  အိပ်စက်နေချိန် သို့မဟုတ် လဲလျောင်း နေချိန် တစ်နာရီလျှင် ကယ်လိုရီ (၅၀-၈၀) ခန့်လောင်ကျွမ်းသည်။ ကိုယ်အလေးချိန်ပိုများလေ ခန္ဓာကိုယ်ကိုထိန်းသိမ်းရန် စွမ်းအင် ပိုလိုအပ်လေဖြစ်ပြီး လောင်ကျွမ်းသည့် ကယ်လိုရီပမာဏပိုများလေ ဖြစ်သည်။ ဤသို့လောင်ကျွမ်းခြင်းသည် အခြေခံဇီဝဖြစ်စဉ်များ အနားယူနေစဉ် ခန္ဓာကိုယ်လည်ပတ်မှုစွမ်းအင်ကြောင့်ဖြစ်သည်။ ကယ်လိုရီ လောင်ကျွမ်းမှု သည် ကိုယ်အလေးချိန် သို့မဟုတ် ကယ်လိုရီ နှင့်အိပ်စက်မည့်အချိန်ပေါ် မူတည်သည်။ ကိုယ်အလေးချိန် ၁၂၅ ပေါင်ရှိသော ကျန်းမာသည့်လူတစ်ယောက်သည် အိပ်နေချိန်တွင် တစ်နာရီလျှင် ၃၈ ကယ်လိုရီလောင်ကျွမ်းသည်။ ကိုယ်အလေးချိန်က ၁၅၅ ပေါင်ရှိပြီး ညစဉ်ရှစ်နာရီအိပ်စက်လေ့ ရှိပါက အိပ်နေစဉ်အတွင်း ၁၈၄ ကယ်လိုရီ လောင်ကျွမ်းစေမည်ဖြစ်သည်။ အလေးချိန် ၁၅၅ ပေါင်ရှိသူသည် ကုလားထိုင်ပေါ်တွင် စာဖတ်စဉ်၊ ပေါ့ပေါ့ပါးပါးအနား ယူစဉ် နာရီဝက်အတွင်း ၄၂ ကယ်လိုရီလောင်ကျွမ်းမည်ဖြစ်ပြီး အိပ်စက်သည့်    မိနစ် ၃၀ ကြာတိုင်း  (၁၉-၂၈)ကယ်လိုရီအထိ လောင်ကျွမ်း ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *