စစ်ကြောင်းများက လောင်းရှည်-လှိုင်ဒုတ်-ကျင်ဒွေးလမ်းကြောင်းတစ်ဝိုက် အကြမ်းဖက်သောင်းကျန်းသူများအား တိုက်ခိုက်ချေမှုန်း၊ လှိုင်ဒုတ်ကျေးရွာအား သိမ်းပိုက်ရရှိ

တပ်မတော်စစ်ကြောင်းများက လောင်းရှည်-လှိုင်ဒုတ်-ကျင်ဒွေး လမ်းကြောင်းတစ်ဝိုက် အခြေပြု၍ အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင် နေသည့် AA အကြမ်းဖက်အဖွဲ့နှင့် CDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များအား တိုက်ထုတ်ချေမှုန်းပြီး အဆိုပါလမ်းကြောင်းအား   ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် နယ်မြေလုံခြုံရေးလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၂၁ ရက်တွင် အဆိုပါလမ်းကြောင်းပေါ်ရှိ လှိုင်ဒုတ်ကျေးရွာအား ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရှိရသည်။     

AA အကြမ်းဖက်အဖွဲ့နှင့်CDF အမည်ခံအကြမ်းဖက်သောင်းကျန်း သူပူးပေါင်းအဖွဲ့များအနေဖြင့် ချင်း ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့အား ဆက်သွယ်ထားသော ဆက်သွယ် ရေးလမ်းကြောင်းပေါ်တွင် တည်ရှိ သည့် ကျင်ဒွေးမြို့ရှိ မြို့လုံခြုံရေး ဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ လမှစ၍ အင်အားအလုံးအရင်း အသုံးပြုကာ ဝင်ရောက်တိုက်ခိုက် ခဲ့ပြီး မြို့အားယာယီစိုးမိုးကာ အဖျက်အမှောင့်လုပ်ရပ်များကို ဥပဒေမဲ့ ကျူးလွန်ခဲ့ကြသဖြင့် ကလေးသူငယ် များ၊ သက်ကြီးရွယ်အိုများ အပါအဝင် ဒေသခံပြည်သူများအနေဖြင့် ၎င်းတို့ ၏ နေအိမ်အဆောက်အအုံများ၊ ပစ္စည်းဥစ္စာများကို စွန့်လွှတ်၍ ဘေးလွှတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ ရသည်။

Leave a Reply

Your email address will not be published. Required fields are marked *