တိရစ္ဆာန်တွေမွေးမြူရာမှာ သက်တမ်းအလိုက် အစာပြောင်းကျွေးသွားရတာကို မွေးမြူသူတိုင်းသိကြပါတယ်။ ဒါပေမယ့် ဝက်မွေးမြူသူတွေအများစုက လူနေအိမ်နဲ့ စားသောက်ဆိုင်မှ စားကြွင်းစားကျန်တွေကို ဝက်စာအဖြစ် စုဆောင်းကျွေးကြတာများပါတယ်။ ဒီလိုတွေကြောင့် ဝက်ရဲ့သက်တမ်းအလိုက် လိုအပ်တဲ့အစာတွေ မပြောင်းနိုင်ဘဲ သက်တမ်းမတူတဲ့ဝက်တွေကို ပုံစံတစ်မျိုးထဲကျွေးကြပါတယ်။ ဒါကြောင့် ဝက်တွေဟာ သက်တမ်းအလိုက် လိုအပ်တဲ့အာဟာရတွေမရတဲ့အတွက် ဝက်တွေရဲ့ကြီးထွားဖွံ့ဖြိုးမှုကို ထိခိုက်ရုံမျှမက ကျန်းမာရေးကိုထိခိုက်ပြီး ဖျားနာသေဆုံးတဲ့အထိ ဖြစ်တတ်ပါတယ်။ ဝက်မွေးမြူသူတွေအနေနဲ့ ဝက်ရဲ့ သက်တမ်းအလိုက်လိုအပ်တဲ့ အစာတွေကို…