မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်အတွင်းရှိ TNLA နှင့် PDF အကြမ်းဖက်သမားများအား နယ်မြေရှင်းလင်းတိုက်ခိုက်နေသော လုံခြုံရေးစစ်ကြောင်းများအား လက္ကောင်းကြီးကျေးရွာမှ တာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးပို့ချက်အရ TNLA နှင့် PDF အကြမ်းဖက် ပူးပေါင်းအင်အား ၃၀ ဦးခန့် ခိုအောင်းနေသော နေရာတစ်ခုကို ဖေဖော်ဝါရီလ ၂၄ ရက် နံနက်ပိုင်းက သွားရောက်ရှင်းလင်း တိုက်ခိုက်ခဲ့ပါတယ်။
လုံခြုံရေးစစ်ကြောင်းနှင့် အကြမ်းဖက်သောင်းကျန်းသူများ ၃၅ မိနစ်ခန့် ထိတွေ့တိုက်ပွဲ များဖြစ်ပွားခဲ့ပြီး TNLA အဖွဲ့များ ကျဆုံးဒဏ်ရာရ အလောင်းများအား ဆွဲယူပြီး လက္ကောင်းကြီးကျေးရွာမြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ပါတယ်။ တိုက်ပွဲဖြစ်ပွားသည့်နေရာအား အသေးစိတ်ရှင်းလင်းခဲ့ရာ-
(၁) TNLA အလောင်း ၃ လောင်း
(၂) PDF အလောင်း ၁ လောင်း
(၃) လက်နက်မျိုးစုံ ၁၀ လက်
(၄) ဒရုန်း ၁ စီး
(၅) ကျည်အိမ် ၅ ခု သိမ်းဆည်းရမိခဲ့ပြီး မိမိဘက်မှ စစ်သည် ၁ ဦး မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့ပါတယ်။
မတ္တရာမြို့အနီးရှိ ကျေးရွာများတွင် TNLA+PDF အကြမ်းဖက်သမားများ၏ ရိက္ခာဆက်ကြေးများ အတင်းအဓမ္မတောင်းခံမှုများကြောင့် ရွံရှာမုန်းတီလျက်ရှိပြီး အကြမ်းဖက်သမားများ အခြေပြုနေရာများနှင့် ရန်သူ့တပ်လှုပ်ရှားမှုသတင်းများ ပေးပို့လာသဖြင့် ယခုရက်ပိုင်းအတွင်း မတ္တရာအနီးတစ်ဝိုက်တွင် တိုက်ပွဲများဖြစ်ပွားပြီး TNLA ၊ PDF များ ထိခိုက်ကျဆုံးမှု များပြားနေကြောင်း သိရပါတယ်။
Congratulations ပါ မတ္တရာမှ Fighter ကြီးများ?





