နောင်ချိုမြို့နယ်တွင် ငွေကျပ် ၃ ဒသမ ၀၆၅ ဘီလီယံတန်ဖိုးနှင့်ကျိုင်းတုံမြို့နယ်တွင် ငွေကျပ်သိန်း ၅၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိပြီးဖမ်းဆီးရမိသူများကို မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှသိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာလ ၁၆ ရက် ညနေ ၃ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ နောင်ချိုမြို့နယ် မကျီးရေကျေးရွာအနီးတွင် မိုင်းရယ်မှမန္တလေးသို့ ပုသိမ်ကြီးမြို့နယ်၊ ကုန်းတန်းလေးရွာနေ…