(၁၀၆)နှစ်မြောက် မြန်မာ့ရုပ်ရှင်နေ့နှင့် (၄၉)ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲကျင်းပ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ မိသားစုက ငွေကျပ်သိန်း ၁၀၀ လှူဒါန်း

(၁၀၆) နှစ်မြောက် မြန်မာ့ရုပ်ရှင်နေ့နှင့် (၄၉) ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲကို ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ဝင်္ကပါလမ်းရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနှင့် ကျောက်တံတားမြို့နယ်ရှိ ဝဇီရာ ဂုဏ်ပြုခံ ကဇာတ်ရုံတို့၌ကျင်းပသည်။

နံနက်ပိုင်းတွင်(၁၀၆) နှစ်မြောက် မြန်မာ့ရုပ်ရှင်နေ့အခမ်းအနားကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၌ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်းနှင့်တာဝန်ရှိသူများက (၁၀၆)နှစ်မြောက် မြန်မာ့ရုပ်ရှင်နေ့အခမ်းအနားကို ဖဲကြိုးဖြတ်၍ဖွင့်လှစ်ပေးကြသည်။

ထို့နောက်  ရုပ်ရှင်အစည်းအရုံးဝင်းအတွင်းနိဗ္ဗာန်စျေးပွဲတော်အဖြစ် ဖွင့်လှစ်ထားသည့် ဆိုင်ခန်းများကို လှည့်လည်ကြည့်ရှုအားပေးကြသည်။

မွန်းလွဲပိုင်းတွင် (၄၉)ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲကို ဝဇီရာဂုဏ်ပြုခံကဇာတ်ရုံ၌ ဆက်လက်ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ မိသားစုက လှူဒါန်းသည့် အလှူငွေကျပ်သိန်း ၁၀၀ ကို ဒုတိယဝန်ကြီးက  ပေးအပ်ရာမြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဒုတိယဥက္ကဋ္ဌ ဦးဇော်မင်းက လက်ခံရယူသည်။

ယင်းနောက်  ပြန်ကြားရေးဝန်ကြီးဌာနမှ လှူဒါန်းသည့် ငွေကျပ်သိန်း ၃၀ ၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းသည့် ငွေကျပ်သိန်း ၁၅၀၊   ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ဗဟို)နှင့်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတို့မှ ငွေကျပ် ၁၅ သိန်း၊ Hey Play App မိသားစုမှ ငွေကျပ်သိန်း  ၄၅၀၊ Forever Group (MRTV-4)မှ ငွေကျပ် ၁၀၄ သိန်း၊ Sky Net မိသားစုမှ ငွေကျပ်  ၆၅ သိန်း၊ မင်္ဂလာရုပ်ရှင် မိသားစုမှ ငွေကျပ်  ၃၉ သိန်း ၊ CB Bank မှ ငွေကျပ်သိန်း ၃၀၀၊ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ငွေကျပ် ၃၉ သိန်းနှင့် သရုပ်ဆောင်မြတ်ရတနာကျော်မှ ငွေကျပ် သိန်း ၅၀ တို့ကို ပေးအပ်လှူဒါန်းကြသည်။

ယင်းနောက် ဒုတိယဝန်ကြီးက မုဒိတာစကားပြောကြားသည်။

ဆက်လက်၍ တက်ရောက်လာကြသူများက ရုပ်ရှင်သက်ကြီးပညာရှင်များအား  ကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ကြပြီး ရုပ်ရှင်သက်ကြီးပညာရှင် ဒေါ်မြင့်မြင့်ခင်က ဆုတောင်းမေတ္တာစကားပြောကြားကြောင်း သိရသည်။ 

Leave a Reply

Your email address will not be published. Required fields are marked *