မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း သထုံမြို့နယ်အတွင်းရှိ ရေလှောင်တမံ၊ မွေးမြူရေးဇုန်၊ စက်မှုသင်တန်းကျောင်းနဲ့ အပူရှောင်စခန်းများကို ကြည့်ရှုစစ်ဆေး

▪️ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းဟာ တာဝန်ရှိသူတွေနဲ့အတူ သထုံမြို့နယ်အတွင်း သောက်သုံးရေနဲ့ စိုက်ပျိုးရေ ဖူလုံစေရေးအတွက် ဝါးပါးရေလှောင်တမံ ရေပိုလွှဲမြှင့်တင်ပြီး ရေသိုလှောင်မယ့် အခြေအနေတွေကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့တယ်။

▪️ ဒါ့အပြင် သုဝဏ္ဏမွေးမြူရေးဇုန် ဆောင်ရွက်မည့် မြေနေရာ၊ အမှတ် (၈) စက်မှုသင်တန်းကျောင်း (သထုံ) ရဲ့ သင်တန်းပို့ချနေမှု အခြေအနေနဲ့ အယ်လ်နီညို ရာသီဥတုအတွက် ကြိုတင်ပြင်ဆင်ဖွင့်လှစ်ထားတဲ့ အပူရှောင်စခန်း အမှတ် (၁) တို့ကိုလည်း လှည့်လည်စစ်ဆေးခဲ့ကြောင်း သိရှိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *