အနောက်တိုင်းဆေးရောနှောပြီး မှတ်ပုံတင်ထားခြင်းမရှိသော တိုင်းရင်းဆေးဝါးဖြစ်ကြောင်း အသိပေးနှိုးဆော်ချက်

၁။        ကျန်းမာရေးဝန်ကြီးဌာနသည် အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး ဘေးဥပဒ်အန္တရာယ်ကင်းရှင်းကာ အကျိုးအာနိသင်ရှိသော တိုင်းရင်းဆေးဝါးများကို အများပြည်သူတို့သုံးစွဲနိုင်ရန် စဉ်ဆက်မပြတ် စနစ်တကျစစ်ဆေးလျက်ရှိပါသည်။

၂။         ယင်းသို့ စစ်ဆေးရာတွင် သတင်းပေးတိုင်ကြားချက်အရ အောင်ပန်းဘုန်းကြီးကျောင်းတိုက်၊ အမှတ်(၃၄)၊ ရေတာရှည်လမ်းဟောင်း၊ မြို့မရပ်ကွက်၊ ဗဟန်းမြို့နယ်၊ ကမာရွတ်ခရိုင်၊ ရန်ကုန်တိုင်းဒေသကြီးလိပ်စာသို့ ရန်ကုန်တိုင်း ဒေသကြီး တိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီ ရှောင်တခင်ဝင်ရောက်စစ်ဆေးခြင်းမှ ရှာဖွေတွေ့ရှိရသော အောက် ဖော်ပြပါ ဆေးဝါးနမူနာများဖြစ်သည့် ဆေးတောင့်/ဆေးထုပ်တို့သည် တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့် တိုင်းရင်းဆေးဝါး ထုတ်လုပ်ခွင့်လိုင်စင် ခွင့်ပြုထားမှုမရှိခြင်း၊ အနောက်တိုင်းဆေးဝါးများ(Diclofenac and Dexamethasone) ရောနှော ထားခြင်းတို့ကို စစ်ဆေးတွေ့ရှိရပါသဖြင့် အများပြည်သူသုံးစွဲရန်မသင့်ကြောင်း အသိပေးအပ်ပါသည်။

၃။        တိုင်းရင်းဆေးဝါးထုတ်လုပ်ဖြန့်ဖြူးသည့်လုပ်ငန်းများနှင့် ဆေးဝါးရောင်းချသည့်ဆေးဆိုင်များသည် တိုင်းရင်း ဆေးပညာဦးစီးဌာနတွင် မှတ်ပုံတင်ထားခြင်းမရှိသော တိုင်းရင်းဆေးဝါးများ၊ ဆေးဝါးအတုများ၊ စံမညီတိုင်းရင်းဆေးဝါးများ၊ အများပြည်သူသုံးစွဲရန်မသင့်ကြောင်း ကြေညာထားသည့် တိုင်းရင်းဆေးဝါးများ တင်သွင်းဖြန့်ဖြူးရောင်းချခြင်းများကို ကျင့်ဝတ်(Ethic)အရလုံးဝ(လုံးဝ)မပြုလုပ်ရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက တိုင်းရင်းဆေးဝါးဥပဒေ ပုဒ်မ(၃၁)၊ (၃၂)အရ တရားစွဲဆိုအရေးယူမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။    

Leave a Reply

Your email address will not be published. Required fields are marked *