၁။ ကျန်းမာရေးဝန်ကြီးဌာနသည် အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး ဘေးဥပဒ်အန္တရာယ်ကင်းရှင်းကာ အကျိုးအာနိသင်ရှိသော တိုင်းရင်းဆေးဝါးများကို အများပြည်သူတို့သုံးစွဲနိုင်ရန် စဉ်ဆက်မပြတ် စနစ်တကျစစ်ဆေးလျက်ရှိပါသည်။
၂။ ယင်းသို့ စစ်ဆေးရာတွင် သတင်းပေးတိုင်ကြားချက်အရ အောင်ပန်းဘုန်းကြီးကျောင်းတိုက်၊ အမှတ်(၃၄)၊ ရေတာရှည်လမ်းဟောင်း၊ မြို့မရပ်ကွက်၊ ဗဟန်းမြို့နယ်၊ ကမာရွတ်ခရိုင်၊ ရန်ကုန်တိုင်းဒေသကြီးလိပ်စာသို့ ရန်ကုန်တိုင်း ဒေသကြီး တိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီ ရှောင်တခင်ဝင်ရောက်စစ်ဆေးခြင်းမှ ရှာဖွေတွေ့ရှိရသော အောက် ဖော်ပြပါ ဆေးဝါးနမူနာများဖြစ်သည့် ဆေးတောင့်/ဆေးထုပ်တို့သည် တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့် တိုင်းရင်းဆေးဝါး ထုတ်လုပ်ခွင့်လိုင်စင် ခွင့်ပြုထားမှုမရှိခြင်း၊ အနောက်တိုင်းဆေးဝါးများ(Diclofenac and Dexamethasone) ရောနှော ထားခြင်းတို့ကို စစ်ဆေးတွေ့ရှိရပါသဖြင့် အများပြည်သူသုံးစွဲရန်မသင့်ကြောင်း အသိပေးအပ်ပါသည်။

၃။ တိုင်းရင်းဆေးဝါးထုတ်လုပ်ဖြန့်ဖြူးသည့်လုပ်ငန်းများနှင့် ဆေးဝါးရောင်းချသည့်ဆေးဆိုင်များသည် တိုင်းရင်း ဆေးပညာဦးစီးဌာနတွင် မှတ်ပုံတင်ထားခြင်းမရှိသော တိုင်းရင်းဆေးဝါးများ၊ ဆေးဝါးအတုများ၊ စံမညီတိုင်းရင်းဆေးဝါးများ၊ အများပြည်သူသုံးစွဲရန်မသင့်ကြောင်း ကြေညာထားသည့် တိုင်းရင်းဆေးဝါးများ တင်သွင်းဖြန့်ဖြူးရောင်းချခြင်းများကို ကျင့်ဝတ်(Ethic)အရလုံးဝ(လုံးဝ)မပြုလုပ်ရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက တိုင်းရင်းဆေးဝါးဥပဒေ ပုဒ်မ(၃၁)၊ (၃၂)အရ တရားစွဲဆိုအရေးယူမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
