နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် နယ်မြေလုံခြုံရေးတာဝန်များ ထမ်းဆောင်ပြီး ပြန်လည်ရောက်ရှိလာသော ရှေ့တန်းပြန် နိုင်ငံ့သားကောင်း တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်းအခမ်းအနားကို စက်တင်ဘာ ၂၃ ရက်တွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ ကော့သောင်းတပ်နယ် နယ်မြေခံတပ်ရင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားသို စဗဟမှူးနှင့် တပ်နယ်ရှိ အရာရှိ၊ စစ်သည်များ၊ မိသားစုဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ခရိုင်/မြိုနယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး ရှေ့တန်းပြန်တပ်မတော်သားများအား သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုခဲ့ကြောင်း သိရသည်။








