မိနစ် ၂၀ လမ်းလျှောက်ရုံနဲ့ အူလမ်းကြောင်းလှုပ်ရှားမှု ချက်ချင်းမြင့်တက်

နေ့စဉ်မိနစ် ၂၀ လောက် လမ်းလျှောက်ပေးရုံနဲ့ အူလမ်းကြောင်းလှုပ်ရှားမှုကို ချက်ချင်းတိုးမြှင့်ပေးနိုင်တယ်လို့ ဂျပန်နိုင်ငံ Fujita Health University မှ သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။ သုတေသီတွေဟာ ကျန်းမာတဲ့လူငယ် ၂၁ ဦးကို လေ့လာမှုမှာပါဝင်စေပြီး အနားယူနေချိန်မှာ အူလမ်း ကြောင်းမှထွက်တဲ့အသံကို တိုင်းတာခဲ့ပါတယ်။

အဲဒီနောက် ပါဝင်သူတွေဟာ ကိုယ်တိုင်သက်သောင့်သက်သာရှိတဲ့ အရှိန်နဲ့ပြေးစက်ပေါ်မှာ မိနစ် ၂၀ ကြာ လမ်းလျှောက်ခဲ့ကြပါတယ်။ လမ်းလျှောက်ပြီးနောက် အူလမ်းကြောင်းအသံတွေကို ထပ်မံတိုင်းတာခဲ့ရာ တစ်မိနစ်မှ နှစ်မိနစ်အတွင်းမှာ အူလမ်းကြောင်းလှုပ်ရှားမှုသိသိသာသာ မြင့်တက်လာတာကို တွေ့ရှိခဲ့ပါတယ်။

အထူးသဖြင့် အူလမ်းကြောင်းအသံရဲ့ ပြင်းအားဟာ အနားယူချိန်နဲ့ နှိုင်းယှဉ်ရင် နှစ်ဆနီးပါးအထိမြင့်တက်ပြီး အသံထွက်ပေါ်တဲ့ အကြိမ်ရေလည်းတိုးလာပါတယ်။ ဒါပေမဲ့ အဲဒီလိုအကျိုးသက်ရောက်မှုဟာနှစ်မိနစ်ကနေ သုံးမိနစ် အတွင်း ပြန်လည်လျော့ကျသွားခဲ့ပါတယ်။ သုတေသီတွေက ဒီတွေ့ရှိချက်ဟာ လမ်းလျှောက်ခြင်းက အူလမ်းကြောင်း လှုပ်ရှားမှုကို ချက်ချင်းလှုံ့ဆော်နိုင်ပြီး အူလမ်းကြောင်းကိုကျန်းမာစေတဲ့ အကြောင်းရင်းတစ်ခုဖြစ် နိုင်ကြောင်းဖော်ပြ ထားပါတယ်။  Ref: STDကိုထက်

Leave a Reply

Your email address will not be published. Required fields are marked *