အမေရိကန်နိုင်ငံအခြေစိုက် Swarm Aero က တစ်ကြိမ်ဆီဖြည့်ပြီး မိုင်ပေါင်း ၁၀၃၅၇ မိုင်အထိ ပျံသန်းနိုင်မယ့် Gamera အမည်ရှိ မောင်းသူမဲ့လေယာဉ်သစ်ကို ထုတ်ဖော်ပြသလိုက်ပါတယ်။ အဲဒီလေယာဉ်ဟာ လက်ရှိအသုံးပြုနေတဲ့ MQ-9A Reaper မောင်းသူမဲ့လေယာဉ်တွေကို အစားထိုးဖို့ အမေရိကန်လေတပ်က စီစဉ်နေတဲ့ Massed Modular Aircraft အစီအစဉ်အတွက် တည်ဆောက်နေတာ ဖြစ်ပါတယ်။
Gamera ရဲ့ တောင်ပံအကျယ်ဟာ ၇၂ ပေရှိပြီး ဆီပြန်ဖြည့်စရာမလိုဘဲ ရေမိုင် ၉၀၀၀၊ မိုင်အားဖြင့် ၁၀၃၅၇ မိုင်အထိ ပျံသန်းနိုင်မယ်လို့ကုမ္ပဏီက ခန့်မှန်းထားပါတယ်။ လေယာဉ်မှာကိုယ်ထည်နှစ်ခုကို အပြိုင်တပ်ဆင်ထားတဲ့ပုံစံကို အသုံးပြုထားပြီး Honeywell TPE331 တာဘိုပရော့အင်ဂျင်တစ်လုံး တပ်ဆင်ထားပါတယ်။
Gamera ကို ရေရှည်ထောက်လှမ်းရေးနဲ့ တိုက်ခိုက်ရေးတာဝန်တွေမှာ အသုံးပြုနိုင်ဖို့ ရည်ရွယ်ထားပြီး လက်နက်နဲ့ အခြားမစ်ရှင်ပစ္စည်းတွေ တပ်ဆင်နိုင်မယ့် နေရာ ၇ ခု ပါဝင်ပါတယ်။ ဝန်တင်နိုင်စွမ်းက ပေါင် ၂၈၀၀ အထိရှိမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မောင်းသူမဲ့လေယာဉ်တွေကို အုပ်စုလိုက် ပျံသန်းစေမယ့်စနစ်ကိုလည်း ထည့်သွင်းထားပြီး အော်ပရေတာတစ်ဦးတည်းက လေယာဉ် ၃၅ စင်းအထိ တစ်ပြိုင်နက်ထိန်းချုပ်နိုင်ဖို့ ရည်ရွယ်ထားပါတယ်။ ပထမဆုံး Gamera လေယာဉ်ကို လာမယ့်နှစ်မှာ စမ်းသပ်ပျံသန်းဖို့ ကုမ္ပဏီကစီစဉ်ထားပါတယ်။ Ref: IEကိုထက်
