ဗုံးကြဲခံရ၍ AA ထောက်ပို့အဖွဲ့များ ထိခိုက်သေဆုံး

စက်တင်ဘာ ၁၃ ရက် ညနေပိုင်းက မင်းတုန်းမြို့နယ်၊ ဇွန်းကျကျေးရွာအတွင်း ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၅ ဦး သေဆုံးပြီး အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိပါတယ်။

ဆက်သွယ်စုံစမ်းမှုတွေအရ သေဆုံး၊ ဒဏ်ရာရသူအများစုဟာ မင်းတုန်းမြို့နယ်၊ မှန်ကျေးရွာမှဖြစ်ပြီး AA အဖွဲ့အတွက် တောင်ပေါ်သို့ ဆန် ၁၄၅ အိတ်နှင့် ထောက်ပိုပစ္စည်းများ သယ်ဆောင်ပေးရန် ခေါ်ဆောင်လာသူများ ဖြစ်ကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *