ချင်းပြည်နယ်၊ ချွန်ကျုံးကျေးရွာမှ ခရစ်ယာန် သင်းအုပ်ဆရာတစ်ဦးနဲ့ နန်ကျဲဆိုသူတို့ကို ဇွန် ၄ ရက်နေ့မှာ စစ်တပ်က သတ်ဖြတ်ခဲ့တယ်လို Burma Research Institute (BRI) အဖွဲ့ရဲ့သတင်းကို Code လုပ်ပြီး အကြမ်းဖက်အားပေး မီဒီညာတွေက မဟုတ်မမှန် ရေးသားလှုံ့ဆော်ဖော်ပြနေကြတာ တွေ့ရပါတယ်။
–
ပြီးတော့ အမေရိကန်နိုင်ငံအခြေစိုက် အကြမ်းဖက်အားပေး Burma Research Institute (BRI) လိုခေါ်တဲ့ အဖွဲ့အစည်းကလည်း မမှန်ကန်တဲ့ သတင်းအမှားတွေကို စီစစ်ခြင်းမရှိဘဲ အမေရိကန်သမ္မတ ထရမ့်ထံ ချင်းလူမျိုး သင်းအုပ်ဆရာတစ်ဦး သတ်ဖြတ်ခဲ့တယ်ဆိုပြီး စာပို့တိုင်ကြားခဲ့တယ်လို သိရပါတယ်။
–
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မြေပြင်မှာအမှန်တကယ်ဖြစ်ပွားခဲ့မှုမရှိဘဲ ဘာသာရေးဝါဒမှိုင်းတိုက်ဖို ရည်ရွယ်ချက်နဲ့ မဟုတ်မမှန်ရေးသားလှုံ့ဆော်နေကြတာဖြစ်ပါတယ်။ မြန်မာနိုင်ငံသည် လွတ်လပ်စွာကိုးကွယ်ပိုင်ခွင့်ရှိသောနိုင်ငံဖြစ်ပါတယ်။
–
ဒါကြောင့် သတင်းတုသတင်းမှားတွေကို အလွယ်တကူမယုံကြဖိုနဲ့ သတိထားနိုင်ကြဖို့ အသိပေးလိုက်ရပါတယ်။
ဘာသာရေးမှိုင်းတိုက်နေတဲ့ ပြည်ဖျက်(BRI)အဖွဲ့
