ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို၌ လုံခြုံရေးတပ်ဖွဲ့များက ဩဂုတ်လ ၃၀ ရက် နံနက် ၁ နာရီကျော်တွင် မယ်ဟုတ်တံတားအနီး စစ်ဆေးနေစဉ် အနက်ရောင်ကားတစ်စီးကို ရပ်တန့်စစ်ဆေးရာ ကားပေါ်တွင် အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁ ဦးနှင့် ကားနောက်ဖုံးအတွင်း လက်ထိပ်ခတ်ခံထားရသည့် အမျိုးသား ၂ ဦးကို တွေ့ရှိခဲ့ပါသည်။
ဖမ်းဆီးခံရသူများက ညနက်ပိုင်းတွင် လမ်းလျှောက်နေစဉ် အယောင်ဆောင်အဖွဲ့က “တာဝန်ရှိလို့မေးရန်ရှိတယ်”ဟုဆိုကာ ခြိမ်းခြောက်ပြီး ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရှိရပါသည်။ ဖမ်းဆီးသူ (၃)ဦးမှာ မိုင်းဖြတ်မြိုနှင့် တာချီလိတ်မြို့နေသူများဖြစ်ပြီး ၎င်းတို့အား ဟောင်လိတ်နယ်မြေရဲစခန်းတွင် ထိန်းသိမ်းစစ်ဆေးလျက်ရှိကြောင်း သိရှိရပါသည်။
