ဘယ်လာရုစ်သမ္မတနိုင်ငံ၊ မင့်စ်မြို့၌ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင် ထံ ဘယ်လာရုစ်သမ္မတနိုင်ငံဝန်ကြီးချုပ် H.E. Mr. Alexander Turchin က ယနေ့ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် မင့်စ်မြို့၊ President ဟိုတယ်၌ ဂါရဝပြုတွေ့ဆုံသည်။ ဦးစွာ နိုင်ငံတော် သမ္မတသည် မင့်စ်မြို့ရှိ၊ President ဟိုတယ်သို့ရောက်ရှိရာ ဘယ်လာရုစ်နိုင်ငံဝန်ကြီးချုပ်က ရင်းနှီးနွေးထွေးစွာဖြင့် ကြိုဆိုနှုတ်ဆက်သည်။ ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံဝန်ကြီးချုပ်တို့သည် သီးခြားတွေ့ဆုံဆွေးနွေးကြသည်။ ထိုသို့တွေ့ဆုံစဉ် ဘယ်လာရုစ်သမ္မတနိုင်ငံ ဝန်ကြီး ချုပ်က ယခုကဲ့သို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၊ နိုင်ငံတော်သမ္မတအနေဖြင့် ဘယ်လာရုစ်သမ္မတနိုင်ငံသို့…