နှစ်ကြိမ်ဆက်တိုက် ကမ္ဘာ့ဖလားချန်ပီယံဆုကို ရယူနိုင်ဖို နီးကပ်လာတဲ့ အာဂျင်တီးနား

၂၀၂၆ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲ၏ ဆီမီးဖိုင်နယ်ပွဲစဉ်တွင် လက်ရှိချန်ပီယံ အာဂျင်တီးနားအသင်းသည် အင်္ဂလန်အသင်းကို ၂ ဂိုး – ၁ ဂိုး ဖြင့် အသည်းအသန်အနိုင်ယူကာ ဗိုလ်လုပွဲသို တက်လှမ်းသွားခဲ့ပြီး နှစ်ကြိမ်ဆက်တိုက် ကမ္ဘာ့ဖလားချန်ပီယံဆုကို ရယူနိုင်ရန် လက်တစ်ကမ်းအလိုသို့ နီးကပ်လာခဲ့ပြီ ဖြစ်သည်။

အတ္တလန်တာမြို့ Mercedes-Benz ကွင်း၌ ယှဉ်ပြိုင်ခဲ့သည့် ယခုပွဲစဉ်တွင် ပထမပိုင်း၌ နှစ်ဖက်စလုံး ဂိုးမရှိသရေကျနေခဲ့သော်လည်း ဒုတိယပိုင်း ပွဲချိန် ၅၅ မိနစ်တွင် အင်္ဂလန်အသင်းအတွက် အန်သိုနီ ဂေါ်ဒွန် (Anthony Gordon) က ဦးဆောင်ဂိုး စတင်သွင်းယူပေးခဲ့သည်။

သို့သော်လည်း အာဂျင်တီးနားအသင်းသည် နောက်ကလိုက်ကစားရင်း ပွဲချိန် ၈၅ မိနစ်တွင် အန်ဇို ဖာနန်ဒက်စ် (Enzo Fernández) က ချေပဂိုး ပြန်လည်သွင်းယူပေးခဲ့ပြီး ပွဲပြီးခါနီး နာကျင်အချိန်ပို ၉၂ မိနစ်တွင် လူစားဝင်တိုက်စစ်မှူး လော်တာရို မာတီးနက်ဇ် (Lautaro Martínez) က အဖိုးတန်အနိုင်ဂိုးကို သွင်းယူပေးခဲ့ပြီး အာဂျင်တီးနားအသင်းအား ကမ္ဘာ့ဖလားဗိုလ်လုပွဲသို့ ပို့ဆောင်ပေးနိုင်ခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက်တွင် ချန်ပီယံဆုကို နှစ်ကြိမ်ဆက်တိုက် ကာကွယ်နိုင်ခဲ့သည့် အသင်းဟူ၍ အီတလီအသင်း (၁၉၃၄၊ ၁၉၃၈) နှင့် ဘရာဇီးအသင်း (၁၉၅၈၊ ၁၉၆၂) ဟူသော အသင်းကြီးနှစ်သင်းသာ ရှိခဲ့ဖူးသည်။

ပြီးခဲ့သည့် ၂၀၂၂ ကာတာကမ္ဘာ့ဖလားတွင် ချန်ပီယံဖြစ်ခဲ့သည့် အာဂျင်တီးနားအသင်းသည် လာမည့်ဗိုလ်လုပွဲတွင်သာ အနိုင်ရရှိခဲ့ပါက သမိုင်းတစ်လျှောက် တတိယမြောက် နှစ်ကြိမ်ဆက်တိုက် ချန်ပီယံဖြစ်သည့် အသင်းအဖြစ် ကမ္ဘာ့ဘောလုံးသမိုင်းတွင် မော်ကွန်းတင်နိုင်တော့မည် ဖြစ်သည်။

ယခုနိုင်ပွဲကြောင့် အာဂျင်တီးနားအသင်းသည် ဗိုလ်လုပွဲ၌ စပိန်အသင်းနှင့် ကမ္ဘာ့ဖလားချန်ပီယံဆုအတွက် အကြိတ်အနယ် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ရှုးနိမ့်ခဲ့သည့် အင်္ဂလန်အသင်းကမူ ပြင်သစ်အသင်းနှင့် တတိယနေရာလုပွဲ ကစားရမည် ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *