မကွေး PDF များ စာသင်ကျောင်းရှိကလေးငယ်များအား လူသားဒိုင်းအဖြစ်အသုံးပြုနေ

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၄ ရက်နေ့က ဘာမထီ ခေါင်းဆောင်တဲ့ မကွေး PDF အကြမ်းဖက်အဖွဲ့က ပျော်ဘွယ်မြို့နယ်၊ ညောင်ကုန်းရွာ ရဲစခန်းကို တိုက်ခိုက်ဖို့အတွက် နတ်မောက်မြို့နယ် ကန်လေးကုန်းရွာ၊ ဘုန်းကြီးကျောင်းမှာ စုဖွဲ့နေတယ်လို့ ဒေသခံပြည်သူတွေက သတင်းအတိအကျပေးပို့ခဲ့ပါတယ်။ ဒေသခံတွေရဲ့ သတင်းပေး ပို့ချက်အရ အကြမ်းဖက် PDF တွေ စုဖွဲ့တဲ့နေရာကို လုံခြုံရေး တပ်ဖွဲဝင်တွေက ချက်ချင်းသွားရောက် ရှင်းလင်းခဲ့ရာ အကြမ်းဖက် PDF တွေက ကန်လေးကုန်းရွာရှိ မူလွန်ကျောင်းဝန်းအတွင်းသို ထွက်ပြေးခဲ့တယ်။

ထွက်ပြေးသွားတဲ့ အကြမ်းဖက် PDF တွေဟာ ကန်လေးကုန်းရွာ စာသင်ကျောင်းထဲကနေ ကျောင်းသား ကလေးငယ်တွေကို အကာအကွယ်ယူပြီး လုံခြုံရေးအဖွဲဝင်တွေကို ပစ်ခတ်ခဲ့တာကြောင့် အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး အပြစ်မဲ့ ကျောင်းသားကလေးငယ်တွေ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

အကြမ်းဖက် PDF တွေက စာသင်ကျောင်းထဲမှာ ကလေးငယ်တွေ ပညာသင်ကြားနေတာ သိသိနဲ့ဝင်ရောက်ပြီး ကလေးငယ်တွေကို လူသားဒိုင်းအဖြစ် ရည်ရွယ်ချက်ရှိရှိ အသုံးချဖို့၊ သူတို့ အသက်ရှုချောင်ဖို့အတွက် စာသင်ကျောင်းထဲဝင်ရောက်ပြီး အကာအကွယ်ယူခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ PDF အကြမ်းဖက်သမားတွေကြောင့် ထိခိုက်ဒဏ်ရာရရှိတဲ့ ကလေးငယ်တွေကို တပ်မတော်ဆေးရုံကြီးတွေမှာ စနစ်တကျနဲ့ ကြပ်မတ်ကုသပေးမှုတွေ ပြုလုပ်ပေးနေတယ် လို သိရပါတယ်။

အခုလိုပဲ PDF အကြမ်းဖက်အဖွဲ့တွေဟာ မကြာခဏ စာသင်ကျောင်းတွေ၊ ဘာသာရေးအဆောက်အဦးတွေ၊ ဆေးရုံတွေကို အကာအကွယ်ယူပြီး စစ်ရေးအရ အသုံးချနေတာ ဖြစ်ပါတယ်။ အခုလည်း ပညာသင်ကြားနေတဲ့ ကလေးငယ်တွေ ရှိနေတာသိသိနဲ့ စာသင်ကျောင်းထဲဝင်ပြီး ကလေးငယ်တွေကို လူသားဒိုင်းအဖြစ် အသုံးပြုခဲ့တာကြောင့် အခုလိုကလေးငယ်တွေ ထိခိုက်ဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ PDF အကြမ်းဖက်အဖွဲတွေရဲ့ အင်မတန်မှ အောက်တန်းကျတဲ့ လုပ်ရပ် တွေပဲဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *