အမေရိကန်က အီရန်ကို ရေတပ်ပိတ်ဆို့မှုများပြန်လည်လုပ်ဆောင်ကြောင်း သမ္မတဒေါ်နယ်ထရမ့်က ဇူလိုင်လ ၁၃ ရက်တွင် ကြေညာပြီးနောက် ကမ္ဘာ့ရေနံစိမ်းစျေးနှုန်းများမှာ ၉ ရာခိုင်နှုန်းကျော်အထိမြင့်တက်လာကြောင်းသိရသည်။
နယူးယောက်ကုန်စည်ဒိုင်တွင် ဩဂုတ်လအတွက် WTI ရေနံစိမ်းစျေးနှုန်းမှာတစ်စည်လျှင် ၆ ဒသမ ၇၃ ဒေါ်လာ၊ ရာခိုင်နှုန်းအားဖြင့် ၉ ဒသမ ၄၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ၇၈ ဒသမ ၁၄ ဒေါ်လာဖြင့် ဈေးပိတ်ခဲ့ခြင်းဖြစ်သည်။ ထို့အတူ လန်ဒန် ICE ကုန်စည်ဒိုင်ရှိ Brent ရေနံစိမ်းစျေးနှုန်းမှာလည်း ၉ ဒသမ ၅၉ ရာခိုင်နှုန်းအဖြစ် ၇ ဒသမ ၂၉ ဒေါ်လာအထိ
မြင့်တက်ကာ ရေနံစိမ်းတစ်စည်လျှင် ၈၃ ဒသမ ၃၀ ဒေါ်လာဖြစ်လာသည်။
“ကျွန်တော်တို့က အီရန်အပေါ် ရေတပ်ပိတ်ဆို့မှုကို ပြန်လည်သက်ဝင်စေပါပြီ။ ဒါဟာ အီရန်သင်္ဘောတွေ ဒါမှမဟုတ် သူတို့ရဲ့ဖောက်သည်တွေ ရေလမ်းကြောင်းအတွင်း အဝင်အထွက် မလုပ်အောင် တားဆီးဖို့ပဲဖြစ်ပါတယ်” ဟု ထရမ့်က ၎င်း၏လူမှုကွန်ရက်တွင်ရေးထားသည်။
ဇူလိုင်လ ၁၂ ရက်တွင် ရေလက်ကြားမှဖြတ်သန်းသည့် သင်္ဘော ၁၄ စင်းသာရှိကြောင်း သိရသည်။
