ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန၏ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် Placement Test (အထူးအစီအစဉ်) စာမေးပွဲကို မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် အမှတ်(၁၄)အခြေခံပညာအထက်တန်းကျောင်း၌ ဇွန်လ ၁၅ ရက် နံနက်ပိုင်းတွင် ကျင်းပသည်။
အဆိုပါ Placement Test (အထူးအစီအစဉ်) စာမေးပွဲကို ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှစ၍ အကြောင်း အမျိုးမျိုးကြောင့် ကျောင်းပြင်ပရောက်ရှိနေသော အခြေခံပညာမူလတန်းအဆင့် Grade-2 မှ Grade-5 နှင့် အခြေခံပညာအလယ်တန်းအဆင့် Grade-6 မှ Grade-9 ကျောင်းသား၊ ကျောင်းသူများအတွက် ဇွန်လ ၁၅ ရက်မှ ၂၀ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။
မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ဝါဝါကျော်နှင့် ဆရာကြီး၊ ဆရာမကြီးများက ပူးပေါင်း၍ Placement Test (အထူးအစီအစဉ်) စာမေးပွဲကျင်းပရာ ချမ်းအေးသာစံမြို့နယ်အတွင်းရှိ Grade-1 မှ Grade-8 အထိ ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၅၂၈ ဦးရှိကြောင်း သိရသည်။
