တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်ဖြင့် မြန်မာသမ္မတ ဦးမင်းအောင်လှိုင် တရုတ်နိုင်ငံသို နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အကြောင်းအရာများ တရုတ်နိုင်ငံပိုင်ဆင်ဟွာသတင်းဌာနက ဖော်ပြ

တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန်လ ၁၅ ရက်မှ ၁၉ ရက်အထိ တရုတ်နိုင်ငံသို နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အကြောင်းအရာများကို တရုတ်နိုင်ငံပိုင်ဆင်ဟွာသတင်းဌာနက ရေးသားဖော်ပြလျက်ရှိပါသည်။

အဆိုပါသတင်းဌာန၏ အဆိုအရ သမ္မတ ဦးမင်းအောင်လှိုင်သည် ခရီးစဉ်အတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာ အကျိုးစီးပွားဆိုင်ရာ ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးသွားမည်ဖြစ်သည်။

ထိုပြင် တရုတ်နိုင်ငံဝန်ကြီးချုပ် လီချန်းနှင့် အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဥက္ကဋ္ဌ ကျောက်လဲ့ကျိတိုနှင့်လည်း တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။

ခရီးစဉ်အတွင်း စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ချိတ်ဆက်ဆောင်ရွက်ရေးနှင့် အခြားကဏ္ဍများ၌ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်နိုင်ရေးအတွက် ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ၎င်းသတင်းဌာနက ဖော်ပြထားသည်။

၎င်းအပြင် နိုင်ငံတော်ဖွံဖြိုးတိုးတက်ရေးသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုအပေါ် မှီတည်နေသည့်အတွက် ယခုခရီးစဉ်အတွင်း မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးဆိုင်ရာ သက်ဆိုင်ရာ အရေးကိစ္စရပ်များကိုလည်း အလေးအနက်ထား ဆွေးနွေးသွားမည် ဖြစ်သည်။

မြန်မာနှင့် တရုတ်နိုင်ငံတိုသည် အစဉ်အလာ ပေါက်ဖော်ချစ်ကြည်ရေးဆက်ဆံရေးကို ထိန်းသိမ်းထားသည့် အိမ်နီးချင်းနိုင်ငံများဖြစ်ပြီး ယခုခရီးစဉ်သည် နှစ်နိုင်ငံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုနက်ရှိင်းစေရန် အထောက်အကူပြုမည်ဟု မျှော်လင့်ရကြောင်း ဆင်ဟွာသတင်းဌာနက ရေးသားဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *