နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် စတင်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ပေကျင်း၌ ဂုဏ်ပြုကြိုဆို

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အဖြစ် တရုတ်နိုင်ငံသို ယနေ့ ဇွန် ၁၅ ရက် နံနက်ပိုင်းတွင် ထွက်ခွာခဲ့ပြီး မွန်းလွဲ ၂ နာရီခန့်တွင် ပေကျင်းမြိုရှိ Capital International Airport သို ရောက်ရှိခဲ့ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် နေပြည်တော်ရှိ တပ်မတော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ခြင်းဖြစ်ပြီး ပေကျင်းမြိုရှိ Capital International Airport တွင် တရုတ်နိုင်ငံအစိုးရအဖွဲမှ တာဝန်ရှိသူများက တရုတ်နိုင်ငံ ဂုဏ်ပြုတပ်ဖွဲနှင့်အတူ ဂုဏ်ပြုကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်ရီ၊ ဦးတင်မောင်ဆွေ၊ ဒေါက်တာကံဇော်၊ ဦးကိုကိုလွင်၊ ဒေါက်တာချာလီသန်းနှင့် ဦးထွန်းအုံတို လိုက်ပါသွားခဲ့ကြသည်။

ထိုပြင် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများလည်း ခရီးစဉ်တွင် လိုက်ပါသွားခဲ့ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ယခုခရီးစဉ်သည် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်နိုင်ရေးအတွက် အရေးပါသည့် နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်တစ်ရပ်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *