ဒုတိယသမ္မတ ဦးညိုစော ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိ

ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ကျင်းပသည့်(၂၉)ကြိမ်မြောက် နိုင်ငံတကာစီးပွားရေးဖိုရမ် (29 th St. Petersburg International Economic Forum- SPIEF 2026) သို့တက်ရောက်ခဲ့သော ဒုတိယသမ္မတ ဦးညိုစော ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့သည် ဇွန်လ ၇ ရက် ဒေသစံတော်ချိန် ညပိုင်းတွင် လေကြောင်းခရီးဖြင့် စိန့်ပီတာစဘတ်မြို့မှ ရန်ကုန်မြို့သို့ပြန်လည်ထွက်ခွာကြသည်။

ဒုတိယသမ္မတ ဦးညိုစော ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား မြန်မာကောင်စစ်ဝန်ချုပ် ဦးအောင်ဖေသက်နှင့် စိန့်ပီတာစဘတ် ပြည်ပဆက်ဆံရေး ကော်မတီနှင့် ရော့စ်ကွန်ဂရက်စ်ရင်းနှီးမြှုပ်နှံမှုငွေကြေးရန်ပုံငွေအဖွဲ့တို့မှ တာဝန်ရှိသူများက စိန့်ပီတာစဘတ်မြို့ရှိ ပူလ်ကာဘာအပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် ဇွန်လ ၈ ရက် ညပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြရာ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးမှတာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြကြောင်းသတင်းရရှိသည်။ 

Leave a Reply

Your email address will not be published. Required fields are marked *