အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် H.E. Shri Narendra Modi တို့ ယနေ့(ဇွန် ၁ ရက်)တွင် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်ရုံးတွင် တွေ့ဆုံဆွေးနွေးခဲ့သည်။
အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်ရုံးသို့ ရောက်ရှိလာသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အား အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် H.E. Shri Narendra Modi က ကြိုဆိုနှုတ်ဆက်ခဲ့ပြီး မှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့သည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် H.E. Shri Narendra Modi တို့သည် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်ရုံး Nilgiri ခန်းမ၌ တွေ့ဆုံ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
