၂၀၂၆-၂၀၂၇ ပညာသင်နှစ် အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်ကျောင်းများ စတင်ဖွင့်လှစ်

၂၀၂၆-၂၀၂၇ ပညာသင်နှစ် အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်ကျောင်းများ ယနေ့ (ဇွန် ၁ ရက်)တွင် စတင်ဖွင့်လှစ်‌ကြောင်း သိရသည်။

‌တိုင်းနှင့်ပြည်နယ်များရှိ အခြေခံပညာကျောင်းများ တစ်ပြိုင်တည်းစတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

KG တန်းမှ ၃ တန်းအထိ မူလတန်းအဆင့်တန်းများကို နံနက် ၈ နာရီမှ မွန်းလွဲ ၁ နာရီခွဲအထိ ကျောင်းတက်ရမည်ဖြစ်ပြီး ၄ တန်းမှစ၍ အလယ်တန်းနှင့် အထက်တန်းအဆင့်တန်းများကို နံနက် ၈ နာရီမှ မွန်းလွဲ ၂ နာရီခွဲအထိ ကျောင်းတက်ရမည်ဖြစ်ကြောင်း သိရသည်။

ကျောင်းဖွင့်ရန်အတွက် ကျောင်းအပ်လက်ခံရေးသတင်းပတ်ကို မေ ၂၅ ရက်မှ ၃၁ ရက်အထိ သတ်မှတ်ပြီး ကျောင်းသားကျောင်းသူများကို ကျောင်းအပ်လက်ခံခဲ့သည်။

ကျောင်းအပ်လက်ခံရာတွင် ကျောင်းသားကျောင်းသူများကို ဗလာစာအုပ်၊ ခံတံ၊ ဘောပင် အစရှိသည့် ကျောင်းသုံးပစ္စည်းများ ထောက်ပံ့ခဲ့သည်။

ဆက်လက်ပြီး ဇွန် ၁ ရက်တွင် ကျောင်းဖွင့်ခဲ့သော်လည်း ကျောင်းမအပ်ရသေးသည့် ကျောင်းသား ကျောင်းသူများကိုလည်း ကျောင်းဖွင့်နေစဉ်အတွင်း ဆက်လက်ကျောင်းအပ် လက်ခံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *