အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာရှိ မဟာဗောဓိဓမ္မရိပ်သာ မြန်မာဘုန်းကြီးကျောင်းသို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သွားရောက်၍ လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့သည်။
အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့ (မေ ၃၀ ရက်) ရက် နံနက်ပိုင်းတွင် ဗုဒ္ဓဂါယာရှိ မဟာဗောဓိဓမ္မရိပ်သာ မြန်မာဘုန်းကြီးကျောင်းသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။
မဟာဗောဓိဓမ္မရိပ်သာ မြန်မာဘုန်းကြီးကျောင်းသို့ ရောက်ရှိချိန်တွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် မဟာဗောဓိဓမ္မရိပ်သာ မြန်မာဘုန်းကြီးကျောင်းရှိ ရဟန်းသံဃာများအား ဖူးမြော်ကြည်ညိုခဲ့ပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ထို့နောက်တွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဆရာတော် သံဃာများ ဟောကြားသည့် တရားတော်များကို နားကြားခဲ့ပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှအတန်း ပေးဝေခဲ့ကြသည်။
