မြန်မာ-ထိုင်းနယ်စပ် မြဝတီ-မဲဆောက် အမှတ်(၂)ချစ်ကြည်ရေးတံတာားမှ ကုန်စည် သယ်ယူပို့ဆောင် သွားလာခြင်းအား မေလ ၂၈ ရက် နံနက်ပိုင်းက ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
မြဝတီနယ်စပ်ကုန်သည်တစ်ဦးက “ဟုတ်ပါတယ်၊တံတား ပြန်လည်ဖွင့်လှစ်ပါပြီ၊၊ အန္တရာယ်ကင်း ပရိတ် တရားနာ တာတော့ရှိပါတယ်။ မြန်မာဘက်ကရော ထိုင်း ဘက်ကပါ ကုန်ကားတွေ အဝင်အထွက် သိပ်မရှိသေးပါဘူး၊တစ်ပါတ်လောက်တော့အချိန် ယူရမယ်ထင်ပါတယ် “”ဟုပြောသည်။
မြန်မာ-ထိုင်း နယ်စပ်မြဝတီနှင့်မဲဆောက်ကို သောင်ရင်းမြစ်ဖြတ် ကျော်မြဝတီ-မဲဆောက် အမှတ်(၁)ချစ်ကြည်ရေးတံတားမှ ခရီးသွားယာဉ်များဖြတ်သန်းသွားလာသလို ကုန်စည်ပို့ဆောင်သယ်ယူရေးအတွက် အမှတ်(၂)ချစ်ကြည်ရေးတံတား အားအသုံးပြုလျှက်ရှိသည်။
“ကုန်စည်ပို့ဆောင်ရေးမှာအရေးပါတဲ့ ဒီအမှတ်(၂)တံတားကိုပြန်လည်ဖွင့် လိုက်တဲ့အတွက် ထိုင်းကတင်သွင်းတဲ့ ကုန်ပစ္စည်းတွေ ပြည်တွင်းမှာ အထိုက်အလျှောက်တော့ ကုန်စျေးနှုန်းလျော့ကျလာနိုင်ဖို့ကိုမျှော်လင့်ရပါတယ်”ဟု မြဝတီဒေသခံတစ်ဦးကပြောသည်။
ချစ်ကြည်ရေးတံတား အမှတ်(၂)မှကုန်တင်ယာဉ်များ သွားလာခြင်းကို ယနေ့ နံနက်တွင် မြန်မာန်ိုင်ငံဘက်ခြမ်းမှ ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်သေည်လည်း ကုန်သယ်ယာဉ် ကားကြီးများ ဖြတ်သန်းသွားလာမှုနည်းပါးနေသေးကြောင်းသိရသည်။
“”ယနေ့ထိုင်းဘက်ကိုပြန်ထွက်ဖို့ကုန်သယ်ယာဉ်တစ်စီးရှိပါတယ်၊ခုထိတော့ပြန်ထွက်လာတာမတွေရသေးပါဘူး”” ဟု အမှတ်(၂)ချစ်ကြည်ရေးတံတားတွင်တာဝန်ထမ်းဆောင်နေသူတစ်ဦးကပြောသည်။
မြဝတီ-မဲဆောက်အမှတ်(၂)ချစ်ကြည်ရေးတံတားကို ကုန်စည်သယ်ယူပိုဆောင်ရေးယာဉ်များသွားလာခြင်းအတွက်အသုံး ပြုပြီး ချစ်ကြည်ရေးတံတားအမှတ်(၁)မှာ ခရီးသွားများ ခရီးသည်ပို့ဆောင်ရေးယာဉ်များ ပုံမှန် သွားလာလျှက်ရှိကြောင်းသိရသည်။
အဆိုပါ မြဝတီ-မဲဆောက် အမှတ်(၂) ချစ်ကြည်ရေး ၊ကုန်စည်သယ်ယူပို့ဆောင်ရေး တံတားအား ၂၀၂၅ ခုနှစ် ဩဂုတ်လ ၁၈ ရက်နေ့ နံနက်မှစတင်ကာ စစ်ရေးပဋိပက္ခ ကြောင့် မြန်မာဘက်က ယာယီပိတ်ထားခဲ့ခြင်းဖြစ်သည်။
