ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့တွင် စလော့ဂိမ်း ဆော့ကစားသူများကို ဖမ်းဆီးမှုများ ပြုလုပ်လာ

ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့တွင် စလော့ဂိမ်း ဆော့ကစားသူများကို ဖမ်းဆီးမှုများ ပြုလုပ်လာကြောင်း ကြား သိရသည်။

မေလ ၂၆ ရက်နေ့ ညနေ (၆း၁၀) နာရီ အချိန်ခန့်တွင် အောင်ပန်းနယ်မြေရဲတပ်ဖွဲ့စခန်းရဲ တပ်ဖွဲ့ဝင်များသည် သက်သေ ရာအိမ်မှူးအဖွဲ့တို့နှင့်အတူလောင်းကစားမှုများဖမ်းဆီး ဆောင်ရွက်ရန် နယ်မြေလှည့် ကင်းတာဝန် ဆောင်ရွက်နေစဉ် အောင်ပန်းမြို့၊ အမှတ်(၃) ရပ်ကွက်၊ ဓမ္မာရုံလမ်း မပေါ်တွင် လှည်းရိုးရပ်ကွက်၏မြောက်ဘက်မှအမှတ်(၃) ရပ်ကွက်၊အေးမြင့်သာယာရပ်ကွက်တောင်ဘက်သို့ဓမ္မာရုံလမ်းမကြီးအတိုင်းလမ်း လျှောက်လာသူ တစ်ဦးအား ရပ်တန့်စစ်ဆေးရာ ၎င်းကိုင်ဆောင်ထားသည့် OPPO အမျိုးအစား အစိမ်းနုရောင်ဖုန်းအား စစ်ဆေးရာ ဖုန်းအတွင်း ၌ လပ်ကီးဒိုင်းမွန်း ဆော့ဝဲလ်မှ Classic SLOTS အမည်ဖြင့် လောင်းကစားမှုများ ပြုလုပ်ထားသည်ကို စစ်ဆေးတွေ့ရှိခဲ့ရသဖြင့် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ထိုသို့ တရား မဝင် Online လောင်းကစား Slots ဂိမ်းဖြစ်သည့် လပ်ကီးဒိုင်းမွန်းဆော့ဝဲလ်မှ Classic SLOTS ဆော့ဝဲလ်ဖြင့် လောင်းကစားပြုလုပ်သူ ရဲဝင်း၊ ကို အောင်ပန်းနယ်မြေရဲတပ်ဖွဲ့စခန်းမှ (ပ)၃၉/၂၀၂၆၊ လောင်းကစားဥပဒေပုဒ်မ ၁၅ (က) ဖြင့်  အရေးယူဆောင်ရွက်ထားကြောင်း သိရှိရပါသည် ။

Leave a Reply

Your email address will not be published. Required fields are marked *