ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် မေ ၁၃ ရက် မွန်းလွဲပိုင်းက သေနတ်ဖြင့် ပစ်ခတ်လုယက်မှုဖြစ်ပွားခေမာရဋ်ရွှေဆိုင်ပိုင်ရှင်ရွှေဆိုင်ပိုင်ရှင် သေနတ်ပစ်ခံရပြီး သေဆုံးကာ ရွှေများလုယက်ယူဆောင်သွားကြောင်း သိရသည်။
မေ ၁၃ ရက်၊ မွန်းလွဲ ၁ နာရီခွဲခန့်က ၊ ကျိုင်းတုံမြို့၊ ရပ်ကွက် (၃)၊ ကျိုင်းငမ်းဝပ်အင်းလမ်းရှိ ခေမာရဋ်ရွှေဆိုင်ပိုင်ရှင် ဦးစိုင်းယီတစ်၏ နေအိမ်ရှေ့တွင် ဦးစိုင်းယီတစ် အပါအဝင်သုံးဦးသည် ဈေးမှဆိုင်သိမ်းပြီး မော်တော်ယာယာဉ်ဖြင့် အိမ်သို့ ပြန်လာစဉ် လုယက်ခံရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။
ရွှေဆိုင်ပိုင်ရှင်ဖြစ်သော ဦးစိုင်းယီတစ်သည် ၎င်း၏အိမ်ရှေ့သို့ ရောက်ရှိချိန်တွင် အခြားမော်တော်ယာယာဉ်တစ်စီးဖြင့် ရောက်ရှိလာသော လက်နက်ကိုင်ဆောင်ထားသည့် လူ ၃ ဦးက သေနတ်ဖြင့် (၂) ချက် ပစ်ခတ်ခဲ့ကာ၊ ယာဉ်ပေါ်ပါလာသည့် ရွှေများနှင့် မော်တော်ယာဉ်ကိုပါ လုယက်ယူဆောင်ကာ ထွက်ပြေးသွားခဲ့ ခြင်း ဖြစ်ကြောင်း သိရသည်။
သေနတ်သမားများက ဦးစိုင်းယီတစ်ထံမှ လုယက်ယူဆောင်သွားသည့် ရွှေများမှာ သုံးပိဿာဟုလည်းကောင်း၊ ပိဿာ ၃၀ ခန့် ဟုလည်းကောင်း သတင်းအမျိုးမျိုးထွက်ပေါ်နေပြီး Eleven Media အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ရွှေဆိုင်ပိုင်ရှင် ဦးစိုင်းယီတစ်တွင် သေနတ်ဒဏ်ရာ ၂ ချက် ရရှိခဲ့ပြီး ဆေးရုံတွင် သေဆုံးသွားကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်နေရာသို့ နှလုံးလှပိုင်ရှင်များ အသင်းမှ လာရောက် ကူညီဆောင်ရွက်ကာ ကျိုင်းတုံ ဆေးရုံ သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ကျိုင်းတုံတွင် ခိုးဆိုးလုယက်မှုများ မကြာခန ဖြစ်ပွားလေ့ ရှိသဖြင့် ဒေသခံ များ စိုးရိမ် ထိတ်လန့် နေရကြောင်း သိရသည်။
