အိန္ဒိယတွင် နာမည်ကျော်ရုပ်ရှင်သရုပ်ဆောင်ဟောင်း ဂျိုးဆက် ဗီဂျေးသည် မေ ၁၀ ရက်တွင် တမီလ်နာဒူးပြည်နယ်ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။
အဆိုပါကျမ်းသစ္စာဆိုပွဲ အခမ်းအနားကို နံနက် ၁၀ နာရီတွင် နေရူးမိုးလုံလေလုံအားကစားကွင်း၌ ကျင်းပခဲ့သည်။
ပြည်နယ်အုပ်ချုပ်ရေးမှူး ရာဂျန်ဒရာ ဗစ်ရှ်ဝာနက်သ် အာလီကာက မစ္စတာ ဗီဂျေးအား ရာထူးခန့်အပ်လွှာနှင့် လျှို့ဝှက်ချက် ထိန်းသိမ်းစောင့်ရှောက်ရေး ကျမ်းသစ္စာကို ဖတ်ကြားပေးခဲ့ပြီး ဗီဂျေးနှင့်အတူ ဝန်ကြီးကိုးဦးလည်း ကျမ်းသစ္စာဆိုခဲ့ကြသည်။
ကျမ်းသစ္စာဆိုပွဲ အခမ်းအနားသို့ ရာဟူးလ်ဂန္ဒီနှင့် တမီလ်ရုပ်ရှင်လောကမှ ထင်ရှားကျော်ကြားသူ အများအပြား တက်ရောက်ခဲ့ကြသည်။
TVK ပါတီကိုထူထောင်ခဲ့သည့် ဗီဂျေးသည် ကွန်ဂရက်ပါတီ၊ CPI၊ CPI(M)၊ VCK နှင့် IUML တို့၏ ထောက်ခံမှုဖြင့် ၂၃၄ နေရာရှိသော လွှတ်တော်တွင် အမတ် ၁၂၀ ဦး၏ ထောက်ခံမှုကို ရရှိခဲ့သည်။
သူသည် ၁၉၆၇ ခုနှစ်နောက်ပိုင်း DMK သို့မဟုတ် AIADMK ပါတီများမှ မဟုတ်ဘဲ ပြည်နယ်၏ ပထမဆုံးသော ဝန်ကြီးချုပ်အဖြစ် သမိုင်းသစ် ရေးထိုးနိုင်ခဲ့သည်။
