၎င်း သေဆုံးမှုအတွက် စက်ရုံပိုင်ရှင်ကတာဝန်ယူ ဆောင်ရွက်ပေးမည်
ထိုင်းနိုင်ငံ၊ စမူပကန်ခရိုင်၊ ဘန်ဖီမြို့နယ်ရှိ သံရုံစက်ရုံတွင်အလုပ်လုပ်နေသော မြန်မာအလုပ်သမား မခိုင်သ ဇင်ဝင်း(၂၂)နှစ်သည် မေ ၆ ရက်နေ့လည် ၁ နာရီခွဲကျော်ခန့်က လုပ်ငန်းခွင်မတော်တဆဖြစ်၍ သေဆုံးသွားခဲ့ကြောင်း WAG အလုပ်သမားမဟာမိတ်အဖွဲ့ထံမှ သိရသည်။
မခိုင်သဇင်ဝင်းသည် လုပ်ငန်းခွင်အတွင်း၌ အလုပ်လုပ်ကိုင်နေစဥ် သံစည်းနှင့်ရိုက်မိရာမှ ပြင်းထန်ဒ-ဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့သဖြင့် ရုပ်အလောင်းအား ဘန်ဖီဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
သေဆုံးသူနှင့်ပတ်သက်၍ မိသားစုဝင်များ၏ အကူအညီတောင်းခံမှုကြောင့် WAG အလုပ်သမားမဟာမိတ်အဖွဲ့က ယနေ့ မေ ၇ ရက်တွင် ကူညီမှုများကိုစတင်ပြုလုပ်ပေးလျက်ရှိပြီး စက်ရုံပိုင်ရှင်ဖြစ်သူမှလည်း ဖြစ်စဥ်အတွက်တာဝန်ယူဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မခိုင်သဇင်ဝင်းသည် မြန်မာနိုင်ငံ၊ မွန်ပြည်နယ်၊ ကျိုက်ကော်မြို့၊ သရက်တောရပ်ကွက်တွင်နေထိုင်သူဖြစ် ကြောင်း သိရသည်။
