တောင်သာမြို့နယ်တွင် ကျောင်းထိုင် ဆရာတော်တစ်ပါးအား ​ဒလန်စွပ်စွဲချက်ဖြင့် PDF များက ​သေနတ်ဖြင့်ပစ်သတ်

တောင်သာမြို့နယ်တွင် ကျောင်းထိုင် ဆရာတော်တစ်ပါးအား ​ဒလန်စွပ်စွဲချက်ဖြင့် PDF များက ​သေနတ်ဖြင့်ပစ်သတ်ခဲ့​ကြောင်း သိရသည်။

၂၀၂၆ ခုနှစ်၊ မေ ၂ ရက် နံနက် ၇ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ ချောင်းပေါက်ကျေးရွာရှိ မဟာဝါဠုကာရာမကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် ဥူးစန္ဒာဝရ

(သက်​တော် ၄၈ နှစ်၊ ဝါတော်၂၈ ဝါ) သည် အဆိုပါ ဘုန်းကြီးကျောင်းဝင်း၌ရှိနေစဉ် PDF ငါးဦးက ဆိုင်ကယ် နှစ်စီးဖြင့် ရောက်ရှိလာပြီး ဒလန်ဟု စွပ်စွဲပြောဆို၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ဖြင့် ဆရာ​တော်သည်ကျည်ထိမှန်ဒဏ်ရာများရရှိကာ ပျံလွန်တော်မူခဲ့ကြောင်း သိရသည်။

ထိုသို့​သေနတ်ဖြင့် ဆရာ​တော်ပစ်သတ်မှုသည် ၎င်းတို့ PDF များကလုပ်​ဆောင်ခြင်း မဟုတ်ဟု ငြင်းဆိုထားသည့် သတင်း​ဖော်ပြချက်အချို့အား Exile Media အချို့တွင် ​ဖော်ပြထားသည်ကို​တွေ့ရသည်။

ယခုကဲ့သို့ ​​တောင်သာမြို့နယ်တွတွင် သံဃာတစ်ပါးသတ်ဖြတ်ခံရမှုဖြစ်စဉ်အပါအဝင် ၂၀၂၁ ခုနှစ်နိုင်ငံရေးအပြောင်းအလဲဖြစ်ပွားပြီးနောက်ပိုင်းတွင် ပစ်ခတ်မှုဖြစ်စဉ်များနှင့် လုပ်ကြံသတ်ဖြတ်မှုများကြောင့် သံဃာတော်အပါး ၁ဝ၀ ​ကျော် ပျံလွန်တော်မူခဲ့ရပြီး သင်းအုပ်ဆရာနှစ်ဦးလည်း သေဆုံးထားသည်။

နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများနှင့် တိုက်ပွဲများကြောင့် ပျံလွန်တော်မူခဲ့သည့် ရဟန်းသံဃာဦးရေသည် ရာခိုင်နှုန်းအားဖြင့် အနည်းငယ်မျှသာရှိပြီး ရာခိုင်နှုန်း ၉၀ ကျော်မှာမူ အမျိုးမျိုးသောစွပ်စွဲချက်များဖြင့် PDF များ၏ သတ်ဖြတ်မှုများကြောင့် ပျံလွန်တော်မူခဲ့ရခြင်းဖြစ်ကြောင်းသိရသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်အထိ မြန်မာအစိုးရ၏စာရင်းများအရ လက်နက်ကိုင်အဖွဲ့များ၏ အမျိုးမျိုး​​ ​သောစွပ်စွဲချက်ဖြင့် သတ်ဖြတ်မှု​ကြောင့်

အရပ်သားများ၊ သံဃာတော်များ၊ ကလေးသူငယ်များ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရဝန်ထမ်းများ စုစုပေါင်း ၉၉၀၈ ဦး သေဆုံးထား​ကြောင်း သိရသည်။

အခြားတစ်ဖက်တွင်လည်း AAPP ကဲ့သို့အဖွဲ့များ၏ စာရင်းများအရ လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှု​ကြောင့် ​သေဆုံးသူသည် ​၂၀၂၆ ခုနှစ် မေ ၄ ရက်အထိ ဦး​ရေ ၈၀၀၀ ခန့်ရှိသည်ဟုဆိုပြီး ယင်းအချက်အလက်စာရင်းများသည် အ​ထောက်အထားခိုင်လုံခြင်းမရှိ​ကြောင်းမြန်မာအစိုးရက ယခင်ကတည်းကငြင်းဆိုထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *