တောင်သာမြို့နယ်တွင် ကျောင်းထိုင် ဆရာတော်တစ်ပါးအား ဒလန်စွပ်စွဲချက်ဖြင့် PDF များက သေနတ်ဖြင့်ပစ်သတ်ခဲ့ကြောင်း သိရသည်။
၂၀၂၆ ခုနှစ်၊ မေ ၂ ရက် နံနက် ၇ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ ချောင်းပေါက်ကျေးရွာရှိ မဟာဝါဠုကာရာမကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် ဥူးစန္ဒာဝရ
(သက်တော် ၄၈ နှစ်၊ ဝါတော်၂၈ ဝါ) သည် အဆိုပါ ဘုန်းကြီးကျောင်းဝင်း၌ရှိနေစဉ် PDF ငါးဦးက ဆိုင်ကယ် နှစ်စီးဖြင့် ရောက်ရှိလာပြီး ဒလန်ဟု စွပ်စွဲပြောဆို၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ဖြင့် ဆရာတော်သည်ကျည်ထိမှန်ဒဏ်ရာများရရှိကာ ပျံလွန်တော်မူခဲ့ကြောင်း သိရသည်။
ထိုသို့သေနတ်ဖြင့် ဆရာတော်ပစ်သတ်မှုသည် ၎င်းတို့ PDF များကလုပ်ဆောင်ခြင်း မဟုတ်ဟု ငြင်းဆိုထားသည့် သတင်းဖော်ပြချက်အချို့အား Exile Media အချို့တွင် ဖော်ပြထားသည်ကိုတွေ့ရသည်။
ယခုကဲ့သို့ တောင်သာမြို့နယ်တွတွင် သံဃာတစ်ပါးသတ်ဖြတ်ခံရမှုဖြစ်စဉ်အပါအဝင် ၂၀၂၁ ခုနှစ်နိုင်ငံရေးအပြောင်းအလဲဖြစ်ပွားပြီးနောက်ပိုင်းတွင် ပစ်ခတ်မှုဖြစ်စဉ်များနှင့် လုပ်ကြံသတ်ဖြတ်မှုများကြောင့် သံဃာတော်အပါး ၁ဝ၀ ကျော် ပျံလွန်တော်မူခဲ့ရပြီး သင်းအုပ်ဆရာနှစ်ဦးလည်း သေဆုံးထားသည်။
နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများနှင့် တိုက်ပွဲများကြောင့် ပျံလွန်တော်မူခဲ့သည့် ရဟန်းသံဃာဦးရေသည် ရာခိုင်နှုန်းအားဖြင့် အနည်းငယ်မျှသာရှိပြီး ရာခိုင်နှုန်း ၉၀ ကျော်မှာမူ အမျိုးမျိုးသောစွပ်စွဲချက်များဖြင့် PDF များ၏ သတ်ဖြတ်မှုများကြောင့် ပျံလွန်တော်မူခဲ့ရခြင်းဖြစ်ကြောင်းသိရသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်အထိ မြန်မာအစိုးရ၏စာရင်းများအရ လက်နက်ကိုင်အဖွဲ့များ၏ အမျိုးမျိုး သောစွပ်စွဲချက်ဖြင့် သတ်ဖြတ်မှုကြောင့်
အရပ်သားများ၊ သံဃာတော်များ၊ ကလေးသူငယ်များ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရဝန်ထမ်းများ စုစုပေါင်း ၉၉၀၈ ဦး သေဆုံးထားကြောင်း သိရသည်။
အခြားတစ်ဖက်တွင်လည်း AAPP ကဲ့သို့အဖွဲ့များ၏ စာရင်းများအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် သေဆုံးသူသည် ၂၀၂၆ ခုနှစ် မေ ၄ ရက်အထိ ဦးရေ ၈၀၀၀ ခန့်ရှိသည်ဟုဆိုပြီး ယင်းအချက်အလက်စာရင်းများသည် အထောက်အထားခိုင်လုံခြင်းမရှိကြောင်းမြန်မာအစိုးရက ယခင်ကတည်းကငြင်းဆိုထားသည်။
