မှတ်ပုံတင်ပြုလုပ်ရာတွင် ရုံးလုပ်ငန်း မဆောင်ရွက်တတ်သူများသည် ပွဲစားများအသုံးပြုဆောင်ရွက်သည့် အတွက် စာရွက်စာတမ်း အတုများရရှိသဖြင့် ‌မဆောင်ရွက်ကြရန် လဝက ထုတ်ပြန်

■ Online တွင် ကြော်ငြာ၍ စာရွက်စာတမ်းအတုများ ထုတ်ပေးနေသည့် TikTok အကောင့်‌ခြောက်ခုကို အမှုဖွင့်တရားစွဲထား

မှတ်ပုံတင်ပြုလုပ်ရာတွင် ရုံးလုပ်ငန်း မဆောင်ရွက်တတ်သူများသည် ပွဲစားများအသုံးပြုဆောင်ရွက်သည့် အတွက် စာရွက်စာတမ်း အတုများရရှိသဖြင့် ‌မဆောင်ရွက်ကြရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပြန်သည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းပါလမ်းညွှန်ချက်များနှင့်အညီ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)ကာလအတွင်း ပြည်သူများ အတွက် လက်ငင်းဦးစားပေးလုပ်ငန်းအဖြစ် အသက်(၁၈)နှစ် ပြည့်ပြီးသော်လည်း အကြောင်း အမျိုးမျိုးကြောင့် နိုင်ငံသားစိစစ်ရေးကတ်ပြားမရရှိသေးသည့် နိုင်ငံသားများအား သက်ဆိုင်ရာ လဝကရုံးများတွင်လည်းကောင်း၊ အသက်(၁၀)နှစ်ပြည့် ကျောင်းသား၊ ကျောင်းသူများအား ဥပဒေနှင့်အညီ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းနှင့် e-ID စနစ်ဖြင့် UID ကောက်ယူ ခြင်းလုပ်ငန်းများကို သက်ဆိုင်ရာစာသင်ကျောင်းများတွင်လည်းကောင်း လမင်းစီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *