အရာရှိ၊ စစ်သည် ၅၂၇ ဦးလိုက်ပါလာသည့် အိန္ဒိယရေတပ်မှ စစ်ရေယာဉ်နှစ်စီး မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိလာကြောင်း သိရသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေးခရီးလည်ပတ်ရန်အတွက် အိန္ဒိယရေတပ်မှ စစ်ရေယာဉ် INS Satpura (F-48) နှင့် INS Sunayna (P-57) ဧပြီ ၄ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ သီလဝါဆိပ်ကမ်း MITT တံတားသို့ရောက်ရှိလာရာ တပ်မတော်(ရေ) မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြကြောင်း သိရသည်။
အဆိုပါစစ်ရေယာဉ်များတွင် အရာရှိ၊ စစ်သည်စုစုပေါင်း ၅၂၇ ဦးလိုက်ပါလာပြီး မေ ၆ ရက်အထိ သုံးရက်ကြာနေထိုင်၍ ရန်ကုန်မြို့ရှိအထင်ကရနေရာများသို့ လေ့လာလည်ပတ်သွား မည်ဖြစ်ပြီး ချစ်ကြည်ရေးအားကစားပြိုင်ပွဲများလည်း ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။
