အင်တာမီလန်အသင်းဟာ ပြိုင်ပွဲပြီးဆုံးဖို့ (၃)ပွဲအလိုမှာပဲ စီးရီးအေချန်ပီယံဆုကို (၂၁)ကြိမ်မြောက်အဖြစ် ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရပါတယ်။
အင်တာမီလန်အသင်းဟာ မနေ့က ယှဉ်ပြိုင်ခဲ့တဲ့ စီးရီးအေပွဲစဉ်(၃၅)မှာ ပါးမားအသင်းကို (၂-၀)ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် ဒုတိယနေရာက လက်ရှိချန်ပီယံ နာပိုလီအသင်းကို (၁၂)မှတ်ဖြတ်ပြီး ပွဲမကုန်ခင် ချန်ပီယံဆု ရယူနိုင်ခဲ့တာပါ။
ပါးမားအသင်းကနေ အင်တာမီလန်အသင်းကို ရောက်ရှိလာခဲ့တဲ့ နည်းပြ ချီဗူးက အသင်းဟောင်းနဲ့ ရင်ဆိုင်ရတဲ့ပွဲမှာပဲ ချန်ပီယံအဖြစ် အောင်ပွဲခံခွင့်ရအောင် စွမ်းဆောင်နိုင်ခဲ့ခြင်းလည်းဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်မှာမှ အင်တာမီလန်ယူ-၂၀ အသင်းကို ကိုင်တွယ်ပြီး နည်းပြလောကထဲ စတင်ဝင်ရောက်ခဲ့တဲ့ ချီဗူးက အင်တာမီလန်အသင်းကို ပထမဆုံးကိုင်တွယ်တဲ့ ရာသီမှာပဲ စီးရီးအေချန်ပီယံဆု ရယူပေးနိုင်ခဲ့တာပါ။
အင်တာမီလန်အသင်းဟာ ၂၀၂၃-၂၄ ရာသီမှာလည်း စီးရီးအေချန်ပီယံဆု ရရှိခဲ့တာကြောင့် (၃)ရာသီအတွင်း ချန်ပီယံဆု(၂)ကြိမ် ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်ပြီး ဂျူဗင်တပ်စ်ရဲ့နောက် ဒုတိယအအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်နေပါတယ်။
အင်တာမီလန်အသင်းဟာ ကိုပါအီတာလီယာပြိုင်ပွဲမှာလည်း ဗိုလ်လုပွဲရောက်ရှိနေပြီး မေ(၁၃)မှာ လာဇီယိုအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ကြောင်း သိရပါတယ်။
