





တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံပြီး လက်နက်ကိုင်ဆန့်ကျင်လျက်ရှိတဲ့ အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများ ဥပဒေဘောင်အတွင်း လက်နက်/ခဲယမ်းများနှင့်အတူ ပြန်လည်ဝင်ရောက်လာမှုအား လက်ခံကြိုဆိုခြင်းနှင့် ဆုကြေးငွေထောက်ပံ့ခြင်း အခမ်းအနားကို ၂၀၂၆ ဧပြီ ၂၀ ရက် ယနေ့နံနက်ပိုင်းက တောင်ပိုင်းစစ်ဌာနချုပ်၊ အေးချမ်းဖြိုးခန်းမမှာ ကျင်းပပြုလုပ်ပြီး တောင်ပိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သူရဇော်လွင်စိုးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ဥပဒေဘောင်အတွင်း လက်နက်/ခဲယမ်းများနှင့်အတူ ပြန်လည်ဝင်ရောက်လာတဲ့ အမျိုးသား(၁၁)ဦး၊ လက်နက်(၄)လက်၊ လက်လုပ်(၁)လက်၊ ဗုံးသီး(၁)လုံး၊ ကျည်(၂၅၂)တောင့်၊ ကျည်ဘောက်(၈) ခုတို့အတွက် တိုင်းမှူးနှင့်တာဝန်ရှိသူများက ထောက်ပံ့ငွေများပေးကာ မိဘအုပ်ထိန်းသူများထံ လွှပြောင်းပေးအပ်ခဲ့ပါတယ်။
