






ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကလောမြို့အခြေစိုက် နယ်မြေခံတပ်ရင်းများ၌ စစ်ဆင်ရေးတာဝန်များကို ထူးချွန်စွာ ထမ်းဆောင်ခဲ့သည့် စစ်သည်များအား ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားကို ဧပြီလ ၂၄ ရက်နေ့က ကျင်းပခဲ့သည်။
အခမ်းအနားတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှုးနှင့်အရာရှိကြီးများက နိုင်ငံတော်ကာကွယ်ရေးအတွက် ကိုယ်ကျိုးစွန့် ဆောင်ရွက်ခဲ့ကြသော စစ်သည်များကို ဂုဏ်ထူးဆောင်တံဆိပ်များ၊ ဆုငွေများနှင့် အသုံးအဆောင်ပစ္စည်းများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရှိရပါသည်။
