အရှေ့အလယ်ပိုင်းတွင် အီရန်နှင့် စစ်ရေးတင်းမာမှုများ အရှိန်မြင့်တက်နေစဉ် အမေရိကန်ရေတပ်သည် ၎င်း၏ အင်အားကြီး ရေကြောင်းချီတိုက်ခိုက်ရေးအုပ်စု (Amphibious Ready Group – ARG) ကို ယမန်နေ့ ဒေသစံတော်ချိန် နံနက်ပိုင်းက ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဒီယေဂိုဆိပ်ကမ်းမှတစ်ဆင့် စေလွှတ်လိုက်ပြီဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လာသည်။
ဆန်ဒီယေဂို ကမ်းခြေကြည့်ကင်မရာများ (San – DiegoWebCam) ၏ မှတ်တမ်းများအရ ရဟတ်ယာဉ်တင် တိုက်ခိုက်ရေးသင်္ဘောကြီး USS Boxer (LHD-4) က အဓိက အလံတင်သင်္ဘော)အဖြစ်လည်းကောင်း ကမ်းတက်တိုက်ခိုက်ရေးယာဉ်များ သယ်ဆောင်သည့် သင်္ဘော USS Comstock (LSD-45)နှင့် ကုန်းရေနှစ်သွယ်သွား တိုက်ခိုက်ရေးသင်္ဘော USS Portland (LPD-27) တိုပါဝင်ကြကြောင်း ကနဦးသတင်းများအရ သိရှိရပါသည်။
