



ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြိုနယ်၊ ဇေကမ္ဘာဂေါက်ကွင်း၌ မီးလောင်မှုအပါအဝင် မန္တလေးတိုင်းနှင့် ပဲခူးတိုင်းတို၌ ယနေ့ မတ် ၂၀ ရက်နံနက်အစောပိုင်းက မီးလောင်မှုများဖြစ်ပွားခဲ့ကြောင်းမီးသတ်တပ်ဖွဲထံမှ သိရသည်။
မင်္ဂလာဒုံမြိုနယ်၊ ဇေကမ္ဘာဂေါက်ကွင်းတွင် နံနက် ၄ နာ ရီခွဲကျော်ခန့်က မီးလောင်မှုဖြစ်ပွား၍ မင်္ဂလာဒုံမြိုနယ်မီးသတ်စခန်း၊ အင်းစိန်ခရိုင်မီးသတ်စခန်း၊ ပုလဲအရန်မီးသတ်စခန်းတို၏တပ်ဖွဲဝင်များကငြှိမ်းသတ်ခဲ့ကြသဖြင့် နံနက် ၄ နာရီ ၄၅ မိနစ်တွင်မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
ထိုပြင် နံနက် ၃ နာရီခွဲကျော်ခန့်ကလည်း မန္တလေးတိုင်း၊ မြင်းခြံမြို၊ အမှတ်(၁၃)ရပ်ကွက်၊ နယ်မြေ(၄)တွင် နေအိမ်မီးလောင်မှုဖြစ်ပွား၍ မြင်းခြံခရိုင်/မြိုနယ်/နယ်မြေမီးသတ်စခန်း၊ စက်မှုဇုန်အရန်မီးသတ်စခန်းနှင့် လူမှုကူညီရေးအသင်းဝင်များကငြှိမ်းသတ်ခဲ့ကြသဖြင့် နံနက် ၄ နာရီ ၂၅ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
