

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံးမှ ပြည်ထဲရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးနေရာအား ပြောင်းလဲမှုများပြုလုပ်ခဲ့ကြောင်း ယနေ့ ဇန်နဝါရီ ၂၇ ရက်ကထုတ်ပြန်ခဲ့သည်။
အမိန့်အမှတ် ၃ /၂၀၂၆ ဖြင့် ဖွဲစည်းပုံအခြေခံဥပဒေပုဒ် မ ၄၂၇၊ ပုဒ်မခွဲ(ခ)အရ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည် ထောင်စုဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီးထွန်းထွန်းနောင် အား စစ်ဘက်မူလတာဝန်များကိုပြန်လည်ထမ်းဆောင်စေခဲ့သည်။
ထိုပြင် အမိန့်အမှတ် ၄/၂ဝ၂၆ ဖြင့် ဖွဲစည်းပုံအခြေခံဥ ပဒေပုဒ်မ ၄၂၇၊ ပုဒ်မခွဲ(ခ)အရ ဒု-ဗိုလ်ချုပ်ကြီးဖုန်းမြတ် အား ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန် ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခဲ့သည်။
