ကမ္ဘောဒီးယားတွင် လူကုန်ကူးသည့် အလုပ်သမားများကို ကမ္ဘာတစ်ဝန်း ဒေါ်လာဘီလျံနှင့်ချီ၍ လိမ်လည်လှည့်ဖြားရန် အွန်လိုင်းလိမ်လည်မှုစင်တာများကို ဖွင့်လှစ်ထားသည်ဟု စွပ်စွဲခံထားရသော တရုတ်နိုင်ငံဖွား သူဌေးကြီး ချန်ဇီကို ကမ္ဘောဒီးယားတွင်ဖမ်းဆီးပြီး တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့ကြောင်းသိရပါတယ်။
ကမ္ဘောဒီးယားအာဏာပိုင်များသည် “တရုတ်နိုင်ငံသား ၃ ဦးဖြစ်သည့် ချန်ဇီ ၊ ရှူးဂျီလျန်နှင့် ရှောင်ဂျီဟွေးတို့ကို ဖမ်းဆီးခဲ့ပြီး ၎င်းတို့ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လွှဲအပ်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်းလည်းသိရပါတယ်။ #crd
