နောက်ဆုံးအကြိမ်ကပ်ထားမည့် မဲစာရင်းတွင် မပါဝင်သူများ နောက်ဆက်တွဲမဲစာရင်းဖြင့် မဲပေးခွင့်ရရှိမည်

ရွေးကောက်ပွဲ အပိုင်း(၂) နှင့် အပိုင်း(၃) တိုအတွက် မဲပေးပိုင်ခွင့်ရှိသူစာရင်းများ ကပ်ထားကြေညာစဥ် နောက်ဆုံး (တတိယအကြိမ်) မဲစာရင်းတွင် မပါဝင်သူများ တင်ပြလာပါက တာဝန်ရှိသူအဆင့်ဆင့်မှ စိစစ်၍ နောက်ဆက်တွဲမဲစာရင်းတွင် ထည့်သွင်းပေးရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တိုင်းဒေသကြီးနှင့် ပြည်နယ်ကော်မရှင်အဖွဲခွဲများထံသို ညွှန်ကြားထားကြောင်း သိရပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဇန်နဝါရီ ၅ ရက်နေ့က နိုင်ငံရေးပါတီများနှင့်တွေ့ဆုံဆွေးနွေးရာ၌ နိုင်ငံရေးပါတီများမှ တတိယအကြိမ်မဲစာရင်းတွင် မပါဝင်သူများကို မဲစာရင်းထည့်သွင်းပေးရန် တင်ပြခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ #crd

Leave a Reply

Your email address will not be published. Required fields are marked *