တပ်ကုန်းမြို့ ညောင်ပင်သာ-ရှားတော ကျေးရွာ ချင်းဆက်လမ်းပေါ်ရှိ ပေ (၁၈၀) ရေနိမ့်တံတားဖွင့်လှစ်

(၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့် ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာန တံတားတည်ဆောက်ရေးအဖွဲက အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေ၊ ၂၀၂၅-၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံး ငွေရင်းရန်ပုံငွေတိုဖြင့် တည်ဆောက်ခဲ့သော နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြိုနယ် ညောင်ပင်သာ-ရှားတော ကျေးရွာ ချင်းဆက်လမ်းပေါ်ရှိ Submersible Bridge ပေ (၁၈၀) ရေနိမ့်တံတားကို ဒီဇင်ဘာ ၃၀ ရက်၊နံနက်ပိုင်းက ဖွင့်လှစ်ခဲ့သည်။

တံတားဖွင့်ပွဲကို အဆိုပါတံတား၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီး ဦးသိုက်စိုး၊ နေပြည်တော်ကောင်စီဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *