သီတင်းပတ်ကုန်ပိုင်းတွင်ရရှိခဲ့သော နှစ်နိုင်ငံ အပစ်အခတ်ရပ်စဲရေး အသစ်တဖန် သဘောတူညီမှုအရ ထိုင်းနိုင်ငံသည် ဗုဒ္ဓဟူးနေ့တွင် ကမ္ဘောဒီးယားစစ်သား ၁၈ ဦးကို ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း နှစ်နိုင်ငံအာဏာပိုင်များက ပြောကြားခဲ့သည်။
စနေနေ့ မွန်းတည့်ချိန်မှစကာ တို-က်ပွဲများရပ်တန့်ကြရန် အရှေ့တောင်အာရှအိမ်နီးချင်းနှစ်နိုင်ငံ သဘောတူခဲ့ကြခြင်းဖြစ်ပြီး နှစ်ဖက်ပေါင်း လူ ၁၀၁ ဦးေ-သဆုံးကာ အရပ်သား ငါးသိန်းကျော် စစ်ဘေးရှောင်ရသော ရက် ၂၀ ခန့်ကြာခဲ့သည့် တို-က်ပွဲများကို အဆုံးသတ်စေခဲ့သည်။ တို-က်ပွဲများတွင် တို-က်လေယာဉ်အသုံးပြုတို-က်ခို-က်ခြင်းများ၊ ရော့ကက်နှင့် အမြောက်ကြီးများဖြင့် အပြန်အလှန်ပ-စ်ခ-တ်မှုများ လုပ်ခဲ့ကြသည်။
